Saturday, May 12, 2012

သမ္မတ အိုဘားမား ပါတီပွဲတရက်ထဲဖြင့် US ၁.၄ ကုဋေ စုဆောင်းရရှိ

သမ္မတ အိုဘားမားသည် ၁၀ ရက်နေ့ က Los Angeles နှင့် Seattle တွင် နိုင်ငံရေးအရ ပါတီရံပုံငွေရှာဖွေရေးအတွက် ညစာစားပွဲပါတီ ၃ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ချစ်ခင်လေးစားကြသူများ
တက်ရောက်ခဲ့ကြပြီး အမေရိကန်သတင်းအရ  US ၁.၄ ကုဋေ စုဆောင်းရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။


Republican ပါတီ၏ Romney ရိုမဏီ (Massachusetts မြို့ တော်ဝန်ဟောင်း)က ၃လ အတွင်းတွင်
 US ၁၂.၆ သန်းသာ စုဆောင်းရရှိခဲ့သည်။ အိုဘားမား၏ တရက်စုဆောင်းရရှိငွေနှင့် ကွာခြားလှသည်။


Los Angeles ရှိ နံမည်ကြီး ရုပ်ရှင်မင်းသား George Clooney's ၏ အိမ်တွင် ညစာစားပွဲပြုလုပ်ခဲ့ရာ 
လက်မှတ်တစောင်လျှင် US ၄၀၀၀၀ ခန့်ဖြင့် အိုဘားမား ထောက်ခံသူ ၁၅၀ က တက်ရောက်အားပေး
ခဲ့ကြသည်။အိုဘားမား ပါတီရံပုံငွေရှာဖွေရေးအဖွဲ့ မှ လက်မှတ်များကို အင်တာနက်တွင် ရောင်းချခဲ့ရာ
ဝယ်ယူအားပေးသူများပြားသောကြောင့် US  ၉ သန်း အထိရှိခဲ့ပြီး ထိုညစာစားပွဲတခုထည်းတွင် US
၁၅ သန်းနီးပါးရရှိခဲ့သည်။


Seattle တွင် နေ့ လည်စာစားပွဲပြုလုပ်ခဲ့ရာ လက်မှတ်တစောင်လျှင် US ၁၈၀၀၀ နှင့်ရောင်းချခဲ့ရာ
 ထောက်ခံအားပေးသူ ၇၀ ကျော်တက်ရောက်ခဲ့ပြီး ပါတီတွင် လူပေါင်း ၁၈၀၀ တက်ရောက်ခဲ့သော
ကြောင့် စုစုပေါင်း US ၃ သန်းနီးပါးရရှိခဲ့သည်။