ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသားလူမျိုးစုများ ရှိရာ နယ်မြေများတွင် ရင်းနှီးမြုပ်နှံရန် အတွက် ပိုလန်စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းပြောကြားလိုက်သည်။ မေလ ၁၀ ရက်နေ့က တွေ့ ဆုံ
ခဲ့သော ပိုလန်နိုင်ငံခြားရေးဝန်ကြီ Radoslaw Sikorski နှင့် တွဆေုံ့အပြီး သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ ခြင်းဖြစ်ပြီး ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ပိုလန်စီးပွား ရေးပွားရေးလုပ်ငန်း ရှင်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အထောက်အပံ့ များပေးအပ်ပါကလည်း တိုင်းရင်းသားလူမျိုးစုရှိရာ နယ်မြေများသည် ပိုမိုဆင်း ရဲကြသဖြင့် ယင်းနယ်မြေများ တိုးတတ်လာစေရန်အတွက် ပိုမိုထောက်ပံ့ပေးရန်လိုအပ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ ပိုလန်နိုင်ငံ ခြားရေးဝန်ကြီးမှလည်း တိုင်းရင်းသားများ
ပို၍ နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင်ရေးကို လုပ်ဆောင်ပေးရန်ပြောကြားခဲ့ပြီး တိုင်းရင်းသား ဘာသာ စကားများကို တိုးတတ်လာစေရန်နှင့် တိုင်းရင်းသား စာသင်ကျောင်းများ တိုးတတ်လာစေရန် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုပြင် ပိုလန်ဝန်ကြီးမှ မြန်မာနိုင်ငံကို ဥရောပသမဂ္ဂမှ စီးပွားရေးပိတ်ဆို့မှု တစ်နှစ်ဆိုင်းငံ့လိုက်သည့် အတွက် စီးပွားရေးပိတ်ဆို့မှုကြောင့် ရရှိနေသော အကျိုးဆက်များကို တားဆီးနိုင်မည်ဖြစ်ပြီး မြန်မာ စီးပွားရေး မတိုးတတ်မှုသည် စီးပွားရေး ပိတ်ဆို့ အပေါ်တွင် မမူတည်တော့ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုပေါ်လစီကိုလည်း ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် ပိုလန်နိုင်ငံ အကြားတွင် ဘဏ်ဏ္ဍာရေးနည်းပညာ၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ပထဝီသိပ္ပံဆိုင်လုပ်ငန်းတို့တွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွှန်လွှာ ရေးထိုး
ခဲ့ကြောင်း သိရသည်။