Wednesday, May 16, 2012

အိန္ဒိယ ၀န်ကြီးချုပ် Manmohan Singh ၏ မြန်မာနိုင်ငံ အလည်ခရီးစဉ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ ဆုံမည်


အိန္ဒိယ ၀န်ကြီးချုပ် Manmohan Singh သည် မြန်မာနိုင်ငံသို့  ၂၇ ရက်နေ့  အလည်အပါတ် လာရောက်
မည်ဟု Times of India တွင် ယနေ့  ၁၆ ရက်နေ့ စွဲဖြင့် ဖေါ်ပြထားသည်။မြန်မာနိုင်ငံတွင် ၃ ရက်တာ 
လည်ပါတ်မည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ ဆုံမည်ဟု ပြောကြား
ထားသည်။
အိန္ဒိယ ၀န်ကြီးချုပ် Manmohan Singh သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ 
ဆုံပြီးမြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် ပါတ်သက်၍ ဆွေးနွေမည်ဖြစ်ပြီး ပြည်တွင်းနိုင်ငံရေး
တွင် သြဇာကြီးမားပြီး ပြည်သူများ၏ လေးစားမှုကို ခံရသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
 နှင့်လည်း ရင်းနှီးဆက်ဆံမှုကို ရယူမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် 
ပို၍ဆောင်ရွက်မည့် သဘောထားရှိနေသည်။
Times of India သတင်းဌာန၏ ပြောဆိုချက်အရ ၂၅ နှစ်အတွင်း ပထမဆုံးလက်ရှိ အိန္ဒိယ ၀န်ကြီးချုပ် အဆင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပါတ်ခြင်းဖြစ်သည်။ ၂၈ ရက်နေ့ တွင် မြန်မာသမ္မတ ဦးသိန်းစိန်
နှင့် နေပြည်တော်တွင် တွေ့ ဆုံမည်ဟု ရေးသားဖေါ်ပြထားသည်။