Wednesday, May 30, 2012

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့ Hi-Mo ဆံပင်တု စက်ရုံအလုပ်သမားများထံသို့  သွားရောက်အားပေး


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် လုပ်ခလစာတိုးမြင့်ရေး တောင်းဆှို ဆန္ဒပြနေကြသည့် လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo ဆံပင်တု စက်ရုံအလုပ်သမားများထံသို့ ယနေ့နေ့ လည်ပိုင်းက ရက်အတန်ကြာ ယနေ့နေ့လည်ပိုင်းက သွားရောက်အားပေးကာ အနုပညာရှင်များ စုစည်း လှူဒါန်းသည့် ဆန်အိတ် ၁၀ အိတ်နှင့် ပေါင်မုန့်များကို ပေးအပ်ခဲ့သည်။ ကိုမင်းကိုနိုင်က အလုပ်သမားများ   ၏ ခံစားရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများကို ရှေးဦးစွာ နားထောင်ပြီး အလုပ်သမားကိစ္စရပ်များ ကို နိုင်ငံတကာ သိရှိအောင် တင်ပြပေးသွားမည့်အကြောင်းနှင့် ကိုးရီးယား သံရုံးသို့လည်း စာပေးပို့သွားမည့် အကြောင်းကို ပြောဆိုသည်။ အလုပ်ရှင် အလုပ်သမားပြဿနာကို ငြိမ်းချမ်းသည့် နည်းဖြင့် ဆက်လက်   ဆွေးနွေး အဖြေရှာသွားဖို့နှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ်က အလုပ်သမား ပြဿနာ ဖြေရှင်းရေး အဖွဲ့များ ဖွဲ့ပေးမည် ဆိုသည့် အချက်ကို ကြိုဆိုပြောဆိုသွားသည်။ (သတင်းဓါတ်ပုံ-ကျော်စိုးလင်း YPI )