Wednesday, May 30, 2012

ဂရိတ်ဝဲလ် ဖိနပ်ချုပ်စက်ရုံ ယနေ့စတင်ဆန္ဒပြကြ


ယခုလဆန်းမှ စတင်ခဲ့သည့် အလုပ်သမား ဆန္ဒပြမှုများ ရန်ကုန်မြို့ လှိုင်သာယာ ၊ ရွှေပြည်သာ စက်မှုဇုန် တို့တွင် ယခုရက်ပိုင်းတွင် နေ့စဉ်ဆိုသလို ဖြစ်ပွားလျှက်ရှိရာ ယနေ့ (မေလ ၂၉ ) ရက်နေ့တွင်လည်း အနည်းဆုံး ၄ နေရာထက်မနည်း ဖြစ်ပွားလျှက်ရှိသည်။ ယနေ့စတင်ဆန္ဒပြကြသည့် ရွှေပြည်သာ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းနှင့် ပန်းတဉ်းဝန် ဦးရွှေတင်လမ်းထောင့်ရှိ ဂရိတ်ဝဲလ် ဖိနပ်ချုပ်စက်ရုံတွင်လည်း အလုပ်သမား ၆၀၀ ၀န်းကျင် လုပ်ခလစာတိုးပေးရန် လုပ်ခွင့်အခြေအနေတိုးတက်မှုရရန် တောင်းဆို   ခဲ့ကြသည်။ (သတင်းဓါတ်ပုံ-မြင့်ကျော်-YPI )