Wednesday, May 30, 2012

"ဒီချုပ် ဆိုင်းဘုတ်ကိစ္စ ကြေညာချက်ထုတ်ပြန်"



ပြည်နယ်၊တိုင်းဒေသကြီး ကျေးရွာ ရပ်ကွက် မြို့နယ်များအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ခြင်းများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်ရပ်ထုတ်ပြန် လိုက်ကြောင်းသိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ မေလ ၃၀ ရက်ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အဆိုပါကြေညာချက်ကိုထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကြေညာချက်တွင် အချက် ၅ ချက်ပါဝင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၊မြို့နယ်နှင့်ရပ်ကွက်   ကျေးရွာအသီးသီးတွင် အမျိုးသားဒီမိုကရေစီဆိုင်းဘုတ်တစ်ခုထက်ပို၍ထောင်ခြင်း၊ ရုံခန်းတစ်ခန်း ထက်ပို၍ဖွင့်လှစ်ခြင်းများ ကိစ္စရပ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် ဆိုင်းဘုတ်တစ်ခုတည်း တစ်ညီတစ်ညွတ်တည်းဖြင့်   ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ကြရန် ထုတ်ပြန်ထားခြင်း ဖစ်သည်။၎င်းအပြင် တိုင်းဒေသကြီး၊ပြည်နယ် မြို့နယ်ကျေးရွာများတွင် ဆိုင်းဘုတ်တစ်ခုတည်းရှိ၍
လည်း တရားဝင်သည်ဟု မှတ်ယူရန်မလိုကြောင်း ထုတ်ပြန်ထားခဲ့သည်။ ယင်းကိစ္စရပ်များ အားလုံး
အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီညီလာခံက တင်မြှောက်ထားသည့် ရွေးကောက်ခံ အလုပ်အမှုဆောင်များ၏ ဆုံးဖြတ်ချက်ကိုသာ အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။