Saturday, May 12, 2012

ပုသိမ်သို့ ၈၈ မျိုးဆက်ကျောင်းသားများရောက်ရှိလာ

မေ ၁၂၊ ၂၀၁၂ (YPI)

 မင်းကိုနိုင်၊ကိုကိုကြီး ၊ကိုပြုံးချိုတို့ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ပုသိမ် မြို့ သို့ ယနေ့နံ
နက် ၉ နာရီတွင် ရောက်ရှိလာပြီး မူလက လူထုကိုဟောပြောရန် စီစဉ်ထားသည့် မြောင်းမြကျောင်းတွင်   ဟောပြောခွင့် မရသဖြင့် မြို့တွင်းသို့လှည့်လည်ကာ ရွှေမုဋ္ဌောဘုရား ၊ရေကြည်ဦးဘုရား ၊တို့ကိုလှည်လည်ဖူးမြော်ခဲ့ရာ လမ်းခရီးတွင် ပုသိမ်မြို့လူထု က ကြိုဆိုလိုက်ပါခဲ့ကြသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ နှင့်အတူ Generation Wave အဖွဲ့ဝင်များ၊မအူပင် ကျောင်းသား သမဂ္ဂ
အဖွဲ့ဝင်များ ပါဝင်ကြပြီး ပုသိမ်မြို့တွင်း လမ်းတလျှောက်တွင်လမ်းများပိတ်အောင်အထိ ပုသိမ်မြို့ခံတို့
က ဘုရားများသို့လိုက်လံပါဝင်ပို့ဆောင်ပေးခဲ့သည်။ဘုရားဖူးအပြီး ၈၈ အဖွဲ့နှင့် လိုက်ပါပို့ဆောင်ခဲ့သူ များကို မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင်အလှူရှင်များက နေ့လည်စာကျွေးမွေးပြီ ထိုမှ    တဆင့် မြို.နယ် NLD ရုံး သို့ ၈၈ အဖွဲ့ဝင်များ ကိုယ်တိုင်လမ်းလျှောက် ပြီးသွားရောက်ကာ   ငြိမ်းချမ်းရေးနှင်းပွင့်လင်းလူ့အဖွဲ.အစည်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထိုသို့ ဟောပြောရာတွင် ကိုမင်းကိုနိုင်က ‘ အစလာတုန်းက တော့လူထုကိုမကြောက်အောင်ဟောဖို.ပဲ၊ ဒါပေမယ့်အခုတော့ အာဏာပိုင်တွေကိုမကြောက်အောင်ပြောရတော့မယ် မှန်တာလုပ်တဲ့သူမှန်သမျှ
 ကျွန်တော် တို.ကို ကြောက်စရာမလို.ဘူးဆိုတာ ဒီကနေပြောပါရစေ’ ဟုပြောကြားခဲ့သည်။


ကိုမင်းကိုနိုင်ဟောပြောပြီးနောက် ၊ကိုကိုကြီး၊ကိုဋ္ဌေးကြွယ် တို.က အစဉ်လိုက်ဟောပြောပြီးကို ဘုန်းမော်နေ့တွင်အတူတူကျဆုံးခဲ့သော ပုသိမ်မြို့ သား ကိုစိုးနိုင်အတွက် ပန်းကုံးကို ကိုစိုးနိုင်၏ အစ်မ အရင်းထံပေးအပ်ခဲ့ ကာ ဟောပြောဖွဲ. အခမ်းအနားပြီးလျှင် ၈၈ မှကျောင်းသားအချိုလို ကိုဂျင်မီ ဦးဆောင်ကာငွေဆောင်ဘက်သို့ ဆက်လက်ထွက်ခွာမည်ဟုသိရ သည်။

ချောင်းသာနှင့်ငွေဆောင်တို့တွင်ဖြစ်ပေါ်နေသော မြေယာမြေယာသိမ်းမှုများကိုဖြေရှင်းပေးရန်
လာရောက်ခြင်းဖြစ်သည်ဟုလည်း မင်းကိုနိုင်ကပြောဆိုခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄ ရက်တာလာရောက်မည်ဖြစ်ကြောင်း
၈၈ မျိုးဆက်ကျောင်းသားများ (ထားဝယ်) မှ ကြေငြာထားသည်။