Saturday, May 12, 2012
ရန်ကုန်မြို့လယ်မှ အန္တရာယ်ရှိ အဆောက်အအုံ အမြန်ဆုံး ဖျက်သိမ်းပေးစေလို
လသာမြို့နယ်၊ ၁၈လမ်း အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ထားသော ဆွေးမြေ့ ပျက်စီးနေသည့် မီးသင့် နေအိမ်တစ်အိမ်ကို အမြန်ဆုံး ဖျက် သိမ်းပေးစေလို ကြောင်း ၁၈ လမ်းနေ ပြည်သူ အချို့က ပြောသည်။ ၁၈ လမ်းပေါ်ရှိ အမှတ် ၄၉ နေအိမ်သည် ၂ဝ၁၁ ဇူလိုင် ၁၃ ရက်နေ့က မီးသင့်ခဲ့ပြီး ၁၉ဝ၃ ခုနှစ် ကတည်းက ဆောက်လုပ်ခဲ့သော အိမ်ဖြစ်သည်။ 
”အဲဒီအိမ်မှာ ဆွေးမြေ့နေတဲ့  သစ်စတွေ၊ တွဲလောင်းကျနေတဲ့ ရေတံလျှောက်တွေက မကြာခဏ လမ်းပေါ်ပြုတ်ကျတယ်” ဟု ၁၈ လမ်းနေ ပြည်သူတစ်ဦးက ပြောသည်။ ယင်းသို့သော အခြေ အနေကြောင့် လမ်းသွားလမ်းလာများနှင့် ရပ်နားထားသည့် ကားများ အတွက် အန္တရာယ်ရှိကြောင်း
 နေထိုင်သူ အသက် ၇၇ နှစ်အရွယ် ရှိ အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်။မြို့ တော်အဂါင်္ရပ်နှင့်
မညီသော အဆောက်အဦးများ စီပင်သာယာမှ ပြန်လည်ပြင်ဆင်မိန့်  ထုတ်ပြန်သင့်သည်။