ဒေါက်တာစိန်စိန်သိန်း
နှောင်ကြိုးမဲ့စွန်ကလေးများလွှတ်ပေးခြင်းမှ ရွာမှကလေးငယ်များဘ၀မြင့်မားလာပါမည်ဟု ကျွန်မ ယုံကြည်ခဲ့ပါသည်။ကျွန်မအသက်(၆၀) ကျော်ပါပြီ ခင်ပွန်းသည်မှာ(၆၃) ကျော်ပါပြီ။ကျွန်မအငြိမ်းစား ပင်စင်မယူခင်ကတည်းကကြိုတင်ပြင်ဆင်ထားခဲ့မိပါ၍ကျေးရွာလေးတစ်ရွာမှာ ကျွန်မတို့(၂)ဦးမှာနေ
စရာ အိမ်လေးတစ်လုံးရှိပါသည်။
သပ်သပ်ရပ်ရပ်ကလေးဖြစ်၍နေခြင့်စဖွယ်ပင်။ ကျောက်မဲမြို့နယ်နားအိုက်ခန်းကျေးရွာအုပ်စု၊ ခဲမွန်းရွာမှာဖြစ်သည်။
မန္တလေး၊ လားရှိုးလမ်းမကြီးပေါ်ရှိ မိုင်တိုင် ၉၉ မှာ တည်ထားပါသည်။ လှပသော သဘာဝရှုခင်းကြောင့် နေချင့်စဖွယ်နေရာလေးဖြစ်ခဲ့ရာဟု ကျွန်မက ဆိုခြင်း ဖြစ်ပါသည်။ သာယာလှပသောဝန်းကျင်က ကျွန်မတို့၏ဘ၀အမောတို့ပြေခဲ့ရပါသည်။
ရွာမှာ ကလေးငယ်များနှင့် အဖွဲ့ကျသည် သင်္ကြန်တွင်းရွာမှာခိုနားစဉ် ရွာသူရွာသားများနှင့် ခင်မင်ခွင့်ရခဲ့ပြန်ပါသည်။
သူတို့လိုအပ်ချက်လေးများကိုတန်းစီ၍ဖြည့်ပေးချင်သည်က ခင်မင်မှု၏အထိမ်းအမှတ်ဟုဆိုရပါမည်။ သူတို့က ကျွန်မကို’အမေ’ ဟုခေါ်ကြသည်။ မိဘများအတွက် စိတ်ဝင်စားစရာအကောင်းဆုံးအရာမှာ သားသမီးဟု ဆိုကြသော်လည်း ကျွန်မ၏သားသမီး( ၃)ဦးစလုံးကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် မြေတောင်မြှောက်ပေး ခဲ့ပြီးဖြစ်၍တာဝန်ကြေခဲ့ပြီဟု ယူဆမိသောကြောင့်
၎င်းတို့တွေအတွက် စိတ်အေးခဲ့ရပြီဖြစ်၍ စိတ်နှလုံးအေးချမ်းစွာ သည်ရွာလေးမှာ ဘုရား၊ တရားအလုပ်လုပ်ချင်ပါသည်။
မိသားစု( ၃) စုစလုံး အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်တွေ့မြင်ခွင့် ရပါသည်။ သည့်အတွက် ကျွန်မမိသားစု အတွင်းသို့ လာကြသော သားများ သမီးများကိုကျေးဇူးတင်ပါသည်။ ကျွန်မတို့မိသားစု
မှာ တစ်ဦးနှင့်တစ်ဦးအလွန်တရာ နားလည်ပေးတတ်ကြပါသည်။အဖေတို့အမေတို့လုပ်တာတွေဟာ ကောင်းတာလုပ်ခြင်းဟုသာ ယုံကြည်မှုရှိကြသည်။
ကျွန်မ၏အိမ်ကလေးဘေးမှ မြေကွက်လပ်ကလေးရှိပါသည်။ထိုမြေကွက်လပ်ကလေးမှပေ(၂၀×၂၀)
ကိုပြည်သူ့စာကြည့်တိုက်ကလေးဆောက်လုပ်လှူဒါန်းရန်ကျွန်မနှင့်ခင်ပွန်းသည်တို့စီစဉ်ခဲ့ကြ၏။ သမီးကြီးဒေါ်မေသင်္ကြန်ဟိန်က သူမ၏မြစ်မခမီဒီယာဂရု Website မှာ တင်လိုက်သည်နေ့ခြင်းညခြင်းပင် ကျွန်မ တည်းခိုသော သမီးငယ်၏အိမ်မှာစာအုပ်တွေ တောင်လိုပုံခဲ့ရသည်။
သမီးကြီးဒေါ်မေသင်္ကြန်ဟိန်အပေါ်ယုံကြည်မှုရှိကြခြင်း။ သက်ကြီးရွယ်အိုများ၏စေတနာကိုအလေးထား
ကာ ပံ့ပိုးကူညီ ကြခြင်းဖြစ်နိုင်ပါသည်။ နှောင်ကြိုးမဲ့စွန်ကလေးများ မိုးပေါ်မှာပျံဝဲခွင့်ရပါတော့မည်။ ကျွန်မတို့၂ ဦးမှာ ချစ်၍ယူခဲ့ကြသည့် ဇနီးမောင်နှံဖြစ်ပါ၏။
ဘ၀တစ်ခုလုံးလောကဓံကို ခါးစီးခံခဲ့ကြပြီးပြီ။ သူက နိုင်ငံရေးပါတီကြီးတစ်ခုမှ CEC ဗဟိုအလုပ်
အမှုဆောင် တစ်ဦး ဖြစ်ပါသည်။ ၈၈ မှသည် ယခုထိကိုယ်ပိုက်ဆံကိုယ်စား၍ နိုင်ငံရေးလုပ်ခဲ့သူ၊ပြာတာ တစ်ဦး လိုအလုပ်မျိုးစုံလုပ်၍နိုင်ငံရေးလုပ်ခဲ့သူတစ်ဦးဖြစ်၍ သူ့ရုံးကလည်းသူကို အားကိုးပုံရသည်။
နိုင်ငံတစ်ကာ မှပေးသော ဆုမှမရဘူး၍ဘယ်ကမှအထောက်အပံ့မရသော်လည်း ပေးအပ်သမျှတာဝန်
ကို ယနေ့တိုင်ကြေပွန်အောင် လုပ်နေသူ၊ သည်တော့ကျွန်မမှာ စိတ်ပင်ပမ်းခဲ့ရပုံများတွေးကြည့် ပင်စရာမလိုတော့ပါ။ သိနိုင်ပါလိမ့်မည်။
ကျွန်မ၏၀န်ထမ်းသက်တမ်းတစ်လျှောက်လုံးမှာလည်းအတိုက်အခံ နိုင်ငံရေးသမား၏ဇနီးမယားအဖြစ်
များစွာမှ သိမ်ငယ်ခဲ့ရပါသည်။ သို့ပေသိတိုင်းပြည်အတွက်လုပ်သင့်တာတွေအကုန်လုပ်ပေးခဲ့ပါသည်။ ထို့ကြောင့်၂ ဦးသားလက်တွဲ၍ယခုလည်း လုပ်သင့်တာတွေ ဆက်လုပ်ပေးကြဦးမည်ဖြစ်ပါသည်။
ကျွန်မတို့ လုပ်သောအလုပ်မှာ နှောင်ကြိုးမပါပါ။ မည်သူ့အတွက်မှမဲပေးရန်လည်းကောင်းဆိုခြင်းမည်
သည့်ရွာသားများအသိအလိမ္မာတိုးတက်လာသည့်ဆိုလျှင် ကျွန်မတို့ကြေနပ်ပါပြီ။ကျွန်မက စာရေးပါ
သည်။ သဘာဝတ်ဝန်းကျင်ကို ဦးစားပေး၍ရေးပါသည်။ ကျွန်မမှာစာတွေရေးပြီး ဗဟုသုတ ကိုဖြန့်ဝေယုံနှင့်အားမရတော့ပါ။
စာအုပ်ကိုစာဖတ်တက်သူသာဖတ်ခွင့်ရပါ၏။ စာအုပ်ဆိုင်ကောင်းကောင်းမရှိသော မြို့များအတွက် စာအုပ်နှင့်ပြည်သူမှာ အလှမ်းဝေးလှပါသည်။ စာမဖတ်၍စာပါ ဗဟုသုတအတွေးအမြင်တို့နှင့် အလှမ်း ကွာသလိုတိုးတက်မှုတို့နှောင့်နှေး နေရခြင်းဟု ကျွန်မထင်သည်။ ရွာတွေတိုးတက်မှ တိုင်းပြည်တိုး တက်မည် ကျေးရွာနေလူထုက ၇၅% ရှိသည်။
ကျွန်မတို့တိုင်းပြည်မှာ အတွေးအခေါ်များရင့်သန်လာဖို့လိုသည်။ လူတိုင်းစာဖက်စေချင်သည်။ စာကြည့်တိုက်တွေကိုသာ ကျွန်မအားကိုးခဲ့ရပါသည်။ ကျွန်မ၏၀န်ထမ်းဘ၀တစ်လျှောက်လုံး စာအုပ်မ၀ယ်နိုင်ခဲ့ပါ။ သားသမီး ၃ဦးဖတ်ရန်မည်သည့် စာအုပ်မှဝယ်မဖတ်စေနိုင်ခဲ့ပါ။
ကျွန်မ၏လစာသည်မီးဖိုချောင်သုံးယုံသာ၊ သို့အတွက်စာအုပ် မ၀ယ်နိုင်၊ ၀ယ်မဖတ်နိုင်ခဲ့သောဘ၀များ
ကို ပို၍သနားမိခြင်း ဖြစ်ပါသည်။ကိုယ်ကြိုးစွန့်၍နိုင်ငံရေးလုပ်နေသူ ခင်ပွန်းသည်အား ပါရမီဖြည့်နေသူ ဇနီးမယား၏သောကကိုရင်ဝယ်ပိုက်၍ သားသမီး(၃) ဦးလူလားမြောက်အောင် ကျွန်မက ပင်မြေတောင်မြှောက်ခဲ့ရပါသည်။ သားသမီး ၃ ဦးကလိမ်မာကြသည်။ သို့သော်လည်းစက်ရှင်မင်းကြီး သမီး၊ပါမောက္ခကြီးကျွန်မမှာ ဒေါက်တာဘွဲ့ရနိုင်သည့်ထိကိုယ်ခံအားကောင်းခဲ့သော်လည်း နိုင်ငံရေး
သမား၏ သားသမီးလေးများမှာ သာမန်ဘွဲ့ကလေးတစ်လုံးစီနှင့် လူလုပ်နေကြရှာသည်။
သူတို့တစ်တွေမှာ ယနေ့အထိ အတိုက်အခံပြု၍တောင်းတုံးကိုမြင်ရသောအခါ ၊ သက်ပြင်းချမိပါ၏။ သူတို့ကိုခေါင်းငဲ့၍ ကြည့်မနေတော့ပါ။ သူတို့ဘ၀နှင့်သူတို့ရှိပါစေတော့။ စိတ်ကုန်လာပါသည်။ သည်တော့သည်တော့ ကျွန်မလုပ်နိုင်တာလေး လုပ်ပေးချင်သည်။ လွတ်တော်ထိတက်၍
နိုင်ငံအရေး ဆောင်ရွက် မပေးနိုင်ပေသိ ကျွန်မ လုပ်နိုင်သည့်နိုင်ငံအရေးကျွန်မလုပ်ပေးချင်ပါသည်။
ကိုယ့်ရပ်ရွာသာယာရေးတွက် ကိုယ်စားရမည့်အငြိမ်းစားလစာ ၀င်ငွေထဲမှ စာအုပ်လေးများ ၀ယ်ပေး သွားပါမည်။ မိတ်ဆွေအပေါင်းအသင်း၊ စာနာသူများ၏စေတနာအရလှူဒါန်းသော စာအုပ် ကလေးများ
ကို မပျောက်မပျက် မပျက်မစီးစေရန်ကျွန်မတာဝန်ယူပါမည်။ သို့အတွက် စိတ်ချမ်းသာမိပါ၏ စိတ်ချမ်း သာလာသောအခါစေတနာပိုကောင်းလာတက်သည်။
လက်လှမ်းမှီသမျှ ရှမ်းပြည်နယ်တစ်ခုလုံးကိုသွားကာ စာကြည့်တိုက်များဖွင့်ပေး၇န်ထိ ကျွန်မရည်ရွယ်မိ သည် ဆိုပါလျှင်လည်းစေတနာရှင်အပေါင်းမှ စာနာပေးနိုင်ကြပါစေကြောင်းလည်း ကျွန်မဆုတောင်းနေ
ပါတော့သည်။ လမ်းကြံ၍ဖြစ်စေ တမင်တကာ ဖြစ်စေ၊ နွေရာသီအပန်းဖြေရန်ဖြစ်စေလာလှည့်ကြည့်ပါ။ သဘာဝတရားနှင့် အလှတရားကို ကျွန်မတို့ ၂ဦးနှင့်အတူခံစားလှည့်ကြပါဟုလည်း ဖိတ်ခေါ်အပ်ပါသည်။
အခြေခံလူတန်းစားများ၏ဘ၀အဆင့်မြင့် စေ၇န်ရည်ရွယ်ဆောင်ရွက်ခဲ့ပါသောကျေးဇူးရှင်စေတနာရှင်
အပေါင်းတို့အား ပြည်သူ့စာကြည့်တိုက်ကလေးမှကြိုဆိုလျှပ်ရှိပါသည်။
