ဓာတ်ပုံ - Getty Images
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒါရက်ခ် မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် အိမ်ဖြူတော်က အမည် တင်သွင်းလိုက်ပြီဖြစ်ကြောင်း The Washington Postက ပြောကြားသည်။မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်မည်ဟု အစောပိုင်းကပင် အများစုက ခန့်မှန်း မျှော်လင့်ထားခဲ့ကြသည်။
အမေရိကန်လွှတ်တော်က အတည်ပြုပြီးပါက မစ်ချယ်လ်မှာ ၁၉၉၀ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး သံအမတ်ဖြစ်လာမည်ဟု သိရှိရသည်။
(မတ်လ ၁၅ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဒါရက်ခ် မစ်ချယ်လ်။
ဒဲရက်(ခ) မစ်ချလ် ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ တွင် ဂျော်ဂျီယာ ပြည်နယ်
အတ္တလန်တ္တာမြို့  တွင် မွေးဖွားခဲ့ပြီး Orange, Connecticut တွင် အခြေခံပညာရေးပြီးမြောက်ပြီးနောက်
University of Virginia နှင့် Tufts University မှ ဥပဒေ ၊ နိုင်ငံ ရေး သိပ္ပံ နှင့် သံတမန် ရေး၊ အရှေ့ 
အာရှရေးရာဆိုင်ရာ ဘွဲ့ များ ရရှိခဲ့သည်။ ၎င်း၏ ဇနီးမှာ ကိုရီးယား လူမျိုး ဖြစ်သည်။