Monday, May 14, 2012

မြန်မာသမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတ မစ်စတာ အီမြောင်ဘတ် ဦးဆောင်သောအဖွဲ့ ဖြင့်တွေ့ ဆုံ

၁၄-၅-၂၀၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်သို့ 
 ရောက်ရှိလာသော ကိုရီးယားသမ်မတနိုင်ငံ သမ္မတအီမြောင်ဘတ်  ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ သမ္မတအိမ်တော်ရှေ့ မြက်ခင်းပြင်တွင် ယနေ့  ညနေ (၅)နာရီခန့် တွင် ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ဂုဏ်ပြုကြိုဆိုသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အလေးပြုခံစင်မြင့်တွင် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့ အား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ညနေ(၅)နာရီ (၂၀)မိနစ်တွင် သမ္မတအိမ်တော်ရှိ သံတမန် ခန်းမဆောင်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ ဆုံသည်။ ထိုသို့ တွေ့ ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားပြန် လည်စည်းလုံးရေးဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ရင်းနှီးပွင့်လင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွနွေးကြပြီး သဘောထား အမြင် ဖလှယ်ကြသည်။
ထို့နောက် ညနေ(၆)နာရီ(၃၀)မိနစ်တွင် သမ္မတအိမ်တော်ရှိ Bilateral Meeting Room တွင် နှစ်နိုင်ငံဆွေး
နွေးပွဲ ကျင်းပကြသည်။ ယင်းနောက် ဂုဏ်ပြုညစာစားပွဲ ဆက်လက်ကျင်းပမည် ဖြစ်သည်။