Sunday, April 1, 2012

NLD အနိုင်ရရှိသော မဲဆန္ဒနယ်များ ပိုများလာနေ


 
ပုလဲ ဒေါ်ခင်စန်းလှိုင် က ပထမဆုံး နိုင်သွားပါပြီ  ပုလဲ ဒေါ်ခင်စန်းလှိုင် က ပထမဆုံး နိုင်သွားပါပြီဗျာ...
လောင်းလုံက ကိုအောင်စိုး ဒုတိယ အနိုင် ပါဗျာ ..မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ်ဖြစ်
သည့်   မော်လမြိုင်ရှိ ဈေးချို မဲရုံအမှတ် ၆၊ ၇၊ ၈ မဲရုံ ၃ ရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး 
ပါတီ ကအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ သတင်းသွားရောက်ယူ
နေသူ The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။
 
တောင်တွင်းကြီးမြို့ NLD ရုံးရှေ့တွင် လူတစ်ထောင်ကျော်မှ ဆန္ဒမဲပေးခွင့်မရသဖြင့် ဆန္ဒပြရန်စုရုံးနေ
သည်ဟု NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည် ။ သတင်းဌာနများအနေဖြင့် အသေးစိတ်သိလိုပါ
က ၀၉ ၄၉၁၅၃၀၁၅ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
 
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်လည်ရောက်ရှိနေပါပြီ။ မဲသမာမူများကြောင့် ဒေါသနည်း နည်းထွက်နေပါတယ်။ရေကျော်ကျေးရွာအုပ်စု၏ မဲရုံအမှတ်(၁)ဖြစ်သော ချောင်းဝကျေးရွာတွင် မဲစာရင်းအပြီးသတ်ရွေးတွက်ပြီးချိန်တွင် NLD မှ ၃၁၄မဲ၊ ပြည်ခိုင်ဖြိုးက၁၆မဲ၊ ညီညွတ် ရေးနှင့်ငြိမ်းရေး   ပါတီက ၁မဲ၊ ပယ်မဲ ၈မဲရှိကြောင်း သိရသည်။
 ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေး၇ွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။