မန္တလေးတိုင်း
မဟာအောင်မြေမြို့ရှိ သန်လျက် အရှေ့ရပ် မဲရုံ (၁) တွင် မဲပေးပြီး မဲလက်မှတ် ၈၀၀နှင့်
မဲရုံ (၂) တွင် မဲပေးပြီး မဲလက်မှတ် ၂၀၀၀ စုစုပေါင်း မဲ ၂၈၀၀ ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်ရန်
မြို့နယ်ကော်မရှင်မှ ဆုံးဖြတ်ခဲ့ခြင်းအား ပြန်လည် စိစစ်ရန် မန္တလေးတိုင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲလက်မှတ် ၂၈၀၀ ကျော်မှာ
မဲဆန္ဒရှင်များအား စတင်ထုတ်ပေးစဉ်ကပင် မဲလက်မှတ်မှာ အနည်းငယ် စုတ်ပြဲ လျက်ရှိနေပြီး
အပြီး
သတ် မဲရေတွက်ချိန်၌ အဆိုပါ မဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်ရန် မြို့နယ်ကော်မရှင်က
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။