အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ
တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီ
ကနေ ၁၂း၀၀
နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို ရွေးကောက်ပွဲအနိုင်ရ
လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက် တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


