Sunday, April 8, 2012
NLD Winning Members of By Election and Candidates Meeting at NLD H.Q, April 07, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီက
နေ ၁၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားကို ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက် တက်ရောက်ခဲ့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲအတွင်း လွှတ်တော်ကိုယ်စားလှယ်များဘက်မှ မိမိတို့ မဲဆန္ဒနယ်များမှာ ကြုံတွေ့ခဲ့ရသည့်
မဲမသမာမှုများနှင့် အခက်အခဲများအား တင်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရ ကိုယ်စားလှယ်
များအား မိမိတို့ မဲဆန္ဒနယ်များအတွင်း ဖြစ်ပွားနေသော အခက်အခဲများအား လွှတ်တော်တွင်း တင်ပြနိုင်ရန်
ကြိုးစားသွားဖို့ တိုက်တွန်း ပြောဆိုခဲ့ပါသည်။
အဲ့ဒီ တွေ့ဆုံပွဲကို ပြည်တွင်းပြည်ပ သတင်းထောက်များ အစုံအလင် လာရောက်ခဲ့ကြပေမဲ့ တွေ့ဆုံ
ဆွေးနွေးစဉ်မှာတော့ ရုံးပြင်ပမှသာ ရိုက်ကူးခွင့် ရခဲ့ကြောင်း သိရှိရပါသည်။
Posted by
luthuorthan.bg@gmail.com