Thursday, April 5, 2012

Ko Htay Kywe Interview

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလိုက်တာဟာ ပြည်သူတွေအနေနဲ့ သူတို့ ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေအပေါ် ထင်ထင်ရှားရှားပြသလိုက်တာလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ် ကပြောဆိုလိုက်ပါတယ်။ ကျန်နေသေးတဲ့လွှတ်တော်သက်တမ်းမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်းသူကပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ဖန်တီး ဖော်ဆောင်နိုင်မယ့် အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်လို့ လည်း သူကဆိုသွားပါတယ်။