Tuesday, April 24, 2012

ဒီမိုကရေစီအင်အားစုများ စုစည်းညီညွတ်ဖို့  လိုအပ်


စစ်မှန်တဲ့ဒီမိုကရေးပြုပြင်ပြောင်းလဲရေးတွေ အင်အားကောင်းလာစေဖို့  အတိုက်အခံ ဒီမိုကရေစီအင်
အားစုတွေညီညွတ်ဖို့ လိုပါတယ်။နိုင်ငံတကာ၏ ပြောင်းလဲလာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အစိုးရပါတီ
၏ ဆောင်ရွက်မှုတွေလဲ ပြောင်းလဲလာနေတာကိုတွေ့ ရပါတယ်။အခွင့်အရေးကို အသာစီးကယူချင်
သော အခွင့်ထူးခံလူတန်းစားများအတွက် ဒီမိုကရေစီ၏ အခြေခံများကိုမီးမောင်းထိုးပြဖို့  ပြည်သူ ကရွေးချယ် တင်မြှောက်ထားသော လွှတ်တော်အမတ်များအနေနဲ့  အလုပ်များများလုပ်ဖို့ နဲ့ 
အသံကျယ်ကျယ်ထွက်ဖို့ လိုအပ်ပါတယ်။

ဒီမိုကရေစီစနစ်ကို လေးစားတယ်ဆိုရင် သဘာဝမကျတဲ့ ထိမ်းချုပ်မှုများကို လက်မခံသင့်ပါ။အခြေခံ

ဥပဒေတွင်ပါဝင်သော ၂၀၀၈ ဖွဲ့ စည်းပုံကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ရမည် အပုဒ်ကို လေးစား
လိုက်နာရမည်ဟု ပြောဆိုသောအနက်အဓိပ္ပါယ်သည် ဒီမိုကရေစီရေးအတွက် အထူးလိုအပ်သော စိန်ခေါ်မှုဖြစ်ပေသည်။အခြေခံဥပဒေဆိုသည်မှာ ပြည်သူကရွေးချယ်ထားသော ပြည်သူ့ ကိုယ်စားလှယ်
များဖြင့် ရေးဆွဲရမည်ဖြစ်ပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံအောင် အာမခံချက်ပေးနိုင်သောလွှတ်လပ်ပြီး တရားမျှတတဲ့ ဥပဒေစိုးမိုးရေပင်ဖြစ်သည်။

  သမ္မတ ဦးသိန်းစိန်မှ ခေတ်နှင့်မဆီလျှော်သော အခြေခံ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရမည်ဟု
အတိအလင်းထုတ်ဖေါ်ပြောဆိုထားပြီးဖြစ်သည်။ မတရားတဲ့ဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ 
အတွက်ဒီမိုကရေစီအင်အားစုတွေညီညွတ်မှသာ ဒီမိုကရေစီစံနှုန်းနှင့်ပြည့်စုံသော အခြေခံဥပဒေတွေ
ကို ပြင်ဆင်ရန် ပြည်သူကရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များတွင်တာဝန်ရှိ
သည်။လွှတ်တော်တွင် နိုင်ငံတော်လစာစားဖို့  ရွေးချယ်ထားခြင်းမဟုတ်ပါ။ပြည်သူများအနေဖြင့်လည်း မိမိတို့ မြို့ နယ်မှတင်မြှောက်ထားသော ကိုယ်စားလှယ်သည် တိုင်းပြည်နှင့်ပြည်သူ့ အကျိုးကို ဆောင်
ရွက်မှုရှိမရှိ စောင့်ကြည့်၍ဝေဖန်ပိုင်ခွင့်ရှိသည်။

NLD လွှတ်တော်တက်ရေး အခက်အခဲရှိနေသည့် ပြဿနာသည် NLD ပါတီတခုတည်း၏ ပြဿနာ
မဟုတ် အနာဂတ် ပါတီများရင်ဆိုင်ရမည့်ပြသနာဖြစ်ပြီး စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်တက်
နိုင်ရေးပြဿနာဖြစ်သည်။အခြေခံကျသော အနက်အဓိပ္ပါယ် ပြင်ဆင်ရေးသည် အနာဂတ်ဒီမိုကရေစီကို
 အထောက်အကူဖြစ်စေသော စိန်ခေါ်မှုတခုဖြစ်သည်။ဒီမိုကရေစီပြုပြင်ပြောင်းလဲစေချင်သော စိန်ခေါ်မှု အစဟုလည်းခေါ်ဆိုနိုင်သည်။ယခုလို စိန်ခေါ်မှုသည် ဒီမိုကရေစီနိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိပြီး အမှန်
တရားဖက်မှ ထောက်ခံသူများပြီး ဒီမိုကရေစီအင်အားစုများ၏ ပါဝါယှဉ်ခြင်းလည်းဖြစ်ပြီး မထောက်ခံသူ
သည် ဒီမိုကရေစီဘက်တော်သားမဟုတ် အာဏာသာလျှင်ဆုပ်ကိုင်ချင်သူအဖြစ် ကွဲကွဲခြားခြားသိရှိလာ
ပေမည်။
ရှေ့ ဆက် ဒီမိုကရေစီစံနှုန်းများရှိလာစေရန် စိန်ခေါ်မှုအမြောက်အများကို ရင်ဆိုင်လာရမည်ဖြစ်သော
ကြောင့် ဒီမိုကရေစီအင်အားစုများ စုစုစည်းစည်းဖြင့် ဆောင်ရွက်နိုင်ရေးက တိုင်းပြည်ပြုပြင်ပြောင်းလဲ
ရေးတွင် အဓိကကျလာမည်ဖြစ်ပေသည်။