Thursday, April 12, 2012

၈၈ မျိုးဆက်ကျောင်းသားများ သင်္ကြန်သံချပ်ထိုးမည်

 ၈၈ မျိုးဆက်ကျောင်းသားများ မှ တာမွေ မင်္ဂလာဈေးရှေ့ Lucky 7 မဏ္ဍပ်တွင် သာဓုပါဗျာ    အဖွဲ့နှင့်ပူးပေါင်း ၍ သင်္ကြန်သံချပ်ထိုးတင်ဆက်မှုကို ပထမသင်္ကြန်အကြတ်နေ့ တွင်တင်ဆက်   မည်ဖြစ်သည်။
သံချပ်ဖျော်ဖြေရေးကိုလည်း ကားဖြင့်မြို့တွင်းလှည့် လှယ်ဖျော်ဖြေ သွားမည်ဟု သိရသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ စတုဒီသာအလှူကို သင်္ကြန်အကျနေ့တွင် သင်္ဃန်းကျွန်း      ဝေဇယန္တာလမ်းမ သီရိဂုဏ်အိမ်ရာထိပ်ရှိ ၈၈ ရုံးခန်း ၌ လှူဒါန်းမည်ဖြစ်သည်။