Thursday, April 12, 2012

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်
ဒေါ်အောင်ဆန်းစုကြည်အား ကူညီရန် ကမ္ဘာ့နိုင်ငံများ ပြင်ဆင်နေ


 မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဖွင့် သွားခဲ့တာကြောင့် ဒီမိုကရေစီထွန်း
ကားတဲ့ အနောက်နိုင်ငံကြီးများဖြစ်သော အမေရိကန် အင်္ဂလန် ပြင်သစ် နော်ဝေး စသည့်နိုင်ငံတွေက
မြန်မာပြည်ဒီမိုကရေစီအရေးကို ကူညီချင်သောဆန္ဒပြင်းပြနေကြပါတယ်။ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ   ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့ တောက်ပတဲ့ အလင်းရောင် တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို   မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ" လို့ ပြောဆိုခဲ့ပါ   တယ်။ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

 မြန်မာပြည်မှာ သဘာဝသယံဇာတ​တွေ ​ပေါကြွယ်တာ၊​ အာရှမှာ မဟာဗျူဟာကျတာ၊​ ကမ္ဘာ​လှည့်​        ခရီး​သွား​တွေ စိတ်အ၀င်စားဆုံးနိုင်ငံဖြစ်နေတာဟာ​ စီး​ပွား​ရေး​ တိုး​တက်မှုကို အားကောင်းစေနိုင်ပါ
တယ်။ကျောက်စိမ်း​၊​ပတ္တမြား ​ကျောက်မျက်ရတနာ၊​ ​ရေနံ၊​ ဓာတ်​ငွေ့ တွေ ကြွယ်ဝသလို၊​ အ​ရှေ့​တောင်အာရှရဲ့​ မဟာဗျူဟာကျတဲ့​နေရာ​ အိမ်နီး​ချင်း​နိုင်ငံတွေဟာ မြန်မာပြည်ကို ကြား​ခံထား​ပြီး​         ကား​လမ်း​တွေ၊​ မီး​ရထား​လမ်း​၊​ ​လေ​ကြောင်း​နဲ့ ပင်လယ်ဆိပ်ကမ်း​တွေနဲ့ ကွန်ရက်ချိတ်ဆက်နိုင်​ရေး​ 
ဒေသသစ်တခုအဖြစ်လာခဲ့ပါပြီ။ စီး​ပွား​ရေး​အတက် မြန်​နေတဲ့​ အိန္ဒိယနဲ့ တရုတ်အကြား​မှာ ရှိတာ​ကြောင့်​   စီး​ပွား​ရေး​ အလျင်အမြန်တိုး​တက်ဖို့ အတွက် အလား​အလာ​ကောင်း​တယ်လို့ ​ ဆိုနိုင်ပါတယ်။

ဒါ​ပေမယ့်​ မြန်မာပြည်မှာ ဘဏ်စနစ်၊​ သယ်ယူပို့ ဆောင်​ရေး​၊​ လျှပ်စစ်ဓာတ်အား​ပေး​စနစ်​တွေလို ပြုပြင် စရာ​တွေ တသီတတန်း​ရှိ​နေတယ်လို့  ဖိလစ်ပိုင်နိုင်ငံ၊​ မနီလာအ​ခြေစိုက် ​အေဒီဘီ ရဲ့​ မြန်မာ့​အ​ရေး​ အကြံ​ပေး​ Craig Steffensen က ​ပြောတာကို ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြထား​ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စအပြင် ပါလီမန်ရေးရာ ကိစ္စများလည်း တဆင့်ပြီးတဆင့် အလျှင်အမြန်ဖေါ်ဆောင်နိုင်ဖို့ ကလည်း အရေးကြီးပါတယ်။နိုင်ငံတကာ
မှအကူအညီပေးသော နိုင်ငံများအနေဖြင့် ထိုအချက် ၃ ချက်ကို အစိုးရအားထောက်ပြပြောဆိုသင့်ပါ
တယ်။စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုတခုတည်းကိုသာကြည့်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်တာမဟုတ်ဘဲ အဘက်
ဘက်မှဖွံ့ ဖြိုးတိုးတက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကူညီဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်
ပါသည်။