အဖွဲ့ချုပ်တွင်(၇-၄-၂၀၁၂)ရက်မနက်၁၀နာရီကရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့သည်။
အမျိုးသမီးတို့၏ စွမ်းအားသည် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်မည့် လူမှုရေးရာ အခန်းကဏ္ဍ ဆိုင်ရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ အများအပြားတွေ့ မြင်လာကြရမည်ဖြစ်သည်။ အမျိုးသားများနှင့်
တန်တူ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်လာနိုင်မည်ဖြစ်ပြီး ၂၀၁၀
ရွေးကောက်ပွဲတွင် အမျိုးသမီးဦးရေ မရှိသလောက်နည်းပါးမှုကြောင့် NLD၏ အောင်ပွဲတွင် အမျိုးသမီး
များ၏ ဆောင်ရွက်မှုများကို အမျိုးသမီးထုမှ အားတက်နေကြပြီး NGOအဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ
ကျမ်းမာရေး ပညာရေးနှင့် လူမှုရေးအခန်းကဏ္ဍများ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ခန့် မှန်းပြော
ဆိုသံများထွက်ပေါ်နေသည်။
