Wednesday, April 18, 2012

မတရားမှုကို လက်ပိုက်ကြည့်မနေတဲ့ မင်္ဂလာတောင်ညွှန့် ပြည်သူများ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းပေါ်မှာ ရှိတဲ့ အိမ်ရှင်မနဲ့ NEW STYLE ကုန်စုံဆိုင်က ဆိုင်ရှင်နှင့်အလုပ်သမားတွေက အရက်မူးပြီး ဈေးလာဝယ်တဲ့ လူငယ်တစ်ယောက်ကို ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှုတစ်ခု ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့ ညနေ ၆း၃၀ အချိန်လောက်က ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားနေချိန်မှာ ရပ်ကွက်နေပြည်သူတွေက တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ မြို့နယ်ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ ရဲတွေက အချိန်မီ ရောက်မလာတဲ့အတွက် တရားခံတွေ ထွက်ပြေးမသွားဖို့ အဲ့ဒီ ဆိုင် နှစ်ဆိုင်ကို ပြည်သူတွေက ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ကြပါတယ်။ အဲ့ဒီနေ့ည ၈ နာရီခွဲခန့်မှာတော့ မင်္ဂလာတောင်ညွန့် ရဲစခန်းက ထိုးကြိတ်ရိုက်နှက်ခဲ့ကြတဲ့သူတွေကို ဖမ်းဆီးသွားခဲ့ပေမဲ့ အခုအချိန်အထိ ဘယ်လို ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။