skip to main |
skip to sidebar
ဥရောပသမဂ္ဂမှ မူဝါဒ အကြီးအကဲ ကတ်သရင်း
အဲရှ်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀
ဝန်းကျင်က ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရုံးချုပ်၌ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေး
ရာဌာနအကြီးအကဲ
Ms.Catherine Ashton နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း
စုကြည်တို့သည် ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီက
အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှာတွေ့
ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် အီးယူ နိုင်ငံခြားရေးရာအကြီးအကဲမှာ မိမိအနေဖြင့်
မြန်မာနိုင် ငံသို့ လာရောက်ခဲ့ရာတွင် သတင်းအချက်အလက်
၃ခုယူဆောင်လာခဲ့ကြောင်း ၊ ယင်းတို့မှာလက်ရှိဖြစ်ပေါ် လျှက်ရှိသည့်
မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုများကိုလက်ခံကြောင်း၊ ယင်းနိုင်ငံရေးတိုးတက်မှုများ
ဆက် လက်ပေါ်ပေါက်နိုင်အောင် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အပေါ်ယခုထက်ယုံကြည်မှုရရှိရန် မြန်မာပြည်သူများနှင့် ပူးပေါင်းလက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံသို့ ယူရိုငွေသန်း၁၅၀နှင့်အတူ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင်အ
ကူအညီပေးအပ်သွားမည်ဖြစ်ပြီး ၄င်းတို့၏ရုံးခွဲကို အဆိုပါနေ့ နေ့လယ် ၃
နာရီတွင် အင်းယားမြိုင်လမ်း အမှတ် ၄၅ တွင်ဖွင့်လှစ်သွားမည်ဖြစ်ဖြစ်ကြောင်းသိရသည်။