FNG ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အား ရွေးကောက် ပွဲ ရလာဒ် ကြေငြာသည့်
နေ့ မှာ ပင် ဒုတိယ ဗိုလ်ချုပ်မှုးကြီး အဆင့် သို့  ရာထူး တိုးမြှင့် လိုက်သည့် အကြောင်း ယနေ့ ထုတ်
သတင်းစာ များ တွင် ဖော်ပြထားသည်။
ကာကွယ်ရေး ဦးစီးချုပ် လေ နှင့် ရေ တို့  သည် လည်း ဒုတိယ ဗိုလ်ချုပ်ကြီး များ အဆင့် မှ
ဗိုလ်ချုပ်ကြီး အဆင့်သို့  ပြောင်းလဲ ပေး ခဲ့ ပြီး အဆင့်မြင့် စစ်အရာရှိ အချို့ မှာ လည်း ရာထူး
များ တိုးမြှင့်မှု ပြုလိုက်သည် ဟု FNG မှ သတင်း ရရှိသည်။
ဒုတိယ ဗိုလ်ချုပ်မှုးကြီး ရာထူး ကို ယခင် က နအဖ ဒုတိယ ဥက္ကဌ ဟောင်း နှင့် ယခု အငြိမ်းစား
ယူထားသူ ဦးမောင်အေး က ရယူထား ခဲ့သည်။
မြန်မာ စစ်တပ် ၏ ရာထူး တိုးမြှင့် မှု နှင့် ပတ်သက်ပြီး FNG ၏ စစ်ဘက် သတင်း ရေးရာ ဌာန
မှ အယ်ဒီတာ ဖြစ်သူ တင်ကျော်ကျော်စိုး က ” သူတို့  ရဲ့  တပ်မတော် နေ့  ပြီးတိုင်း တစ်ခါ တစ်
ရံ မှာ ရာထူး တိုးမြှင့် မှု တွေ လုပ်လေ့ ရှိတယ်။ အာဏာ သိမ်းဖို့  ရာထူး တိုးတာ တော့ မဟုတ်
ပါဘူး ၊ တပ် ကို ပိုင် ရင် ဘယ်ရာထူး နဲ့  ပဲ ဖြစ်ဖြစ် အာဏာ သိမ်း လို့  ရပါတယ်။ နောက်
တစ်ချက် ကတော့ လက်ရှိ မြန်မာ အစိုး ရ အဖွဲ့  ထဲ မှာ စီနီယာ ကျတဲ့ လူတွေ တော့ ပါမယ်။
ဒါပေမယ့် ဘယ်သူမှ ဗိုလ်ချုပ်မှုးကြီး ရာထူး တာဝန် ထမ်းဆောင်ခဲ့ သူ မရှိ ဘူး ။ ဒီအချက် က
တော့ လက်ရှိ အစိုးရ အဖွဲ့  ထက် ပိုပြီး ပါဝါ မြင့်တယ် ဆိုတယ့် သဘာ ကို ပေါ်လွင် စေချင်
ပုံ ပဲ ” ပြောသည်။
မြန်မာ စစ်တပ် ၏ ရာထူး တိုးမြှင့် မှု နှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့  မှ အဖွဲ့ 
ဝင် အချို့  ကမူ မနှစ်မြို့  ကြ ဟု ကြံ့ခိုင်ရေး ပါတီ မှ အကြီးတန်း အရာ ရှိ တစ်ဦး က ပြောသည်။
ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ရန်ကုန် မြို့  ဆူးလေး
ဘုရားလမ်း ဗဟိုမီးသတ် ရှေ့ တွင် နေ ထိုင်ခဲ့ ပြီး လသာ အထက်တန်း ကျောင်း ၁ တွင်
ကျောင်းတက် ရောက်ခဲ့ သူ ဖြစ်သည်။
အသက် ၅၄ နှစ် အရွယ်ရှိ ဒု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် ရွှေရတု
မဂ္ဂဇင်း နှင့် အခြား တပ်မတော် စာစဉ် များ တွင် ၎င်း ၏ စစ်ရေး အတွေ့ အကြုံများ ကို ရေး
သားခဲ့ ဖူး ပြီး စာဖတ်ရှု မှု များ သူ ဖြစ်သည် ဟု သူ၏ သူငယ်ချင်း ဖြစ်သူ လှဦး ၏ ဘလောက်
တွင် ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက် ပွဲ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနိုင်ရရှိပြီး နောက် ကာကွယ်
ရေး ဦးစီးချုပ် ၏ ရာထူးတိုးမြှင့် မှု ကို မြန်မာ အတိုက်အခံ အချို့  က စိုးရိမ် ပူပန် မှု များ ရှိ
ကြသည်။