ယမင်း(မြစ်မခ)
ဧပြီ(၂၆)ရက်၊၂၀၁၂ခုနှစ်။
မြန်မာနိုင်ငံအတွင်း အလုပ်လက်မဲ့ပြသာနာဖြေရှင်းရန်နှင့် အလုပ်သမားအခွင့်အရေးရရှိစေရန်
အတွက် ဆောင်ရွက်ရာတွင် အလုပ်သမား၊အလုပ်ရှင်များနှင့် အစိုးရကိုယ်စားလှယ်များက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက် သင့်ကြောင်း အလုပ်သမားရေးရာ ဥပဒေအတိုင်ပင်ခံရှေ့နေဖိုးဖြူက ဆိုသည်။
“တရားမျှတရေးဆိုပြီး ဆောင်ရွက်နေတဲ့ ကျွှန်တော်တို့ချည်းပဲလည်း လုပ်လို့လဲမရဘူး။ အလုပ်
သမားတွေ ကလည်း ကျွှမ်းကျင်နေရုံနဲ့ မပြီးဘူး။ စီးပွားရေးကျပြန်တော့လည်း စီးပွားရေးတွေ တိုးလာရေးဆိုတာလည်း မဟုတ်ပြန်ဘူး။ အားလုံးတပြိုင်တည်းမျှအောင် ဆောင်ရွက်နိုင်မှသာ အလုပ်သမားတွေ လုပ်ခနဲ့လစာတွေ မျှမျှတတ ဖြစ်လာမှာပါ ” ဟု ၄င်းက ပြောသည်။
အလုပ်သမားများ လုပ်ခနဲ့ လစာများပြည့်ပြည့်၀၀ ရစေရန်အတွက် ကျွှမ်းကျင်လုပ်သားများဖြစ်ရန် လိုအပ် ကြောင်း၊ အစိုးရဘက်မှလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာအောင် ရင်းနှီးမြုပ်နှံသူများ စီစဉ် အားပေးသင့်ုကြောင်း လုပ်ငန်းရှင်တစ်ဦးက ၄င်းအမြင်ကိုပြောသည်။
“ကျွှန်တော်ဟိုတနေ့က ငွေပင်လယ်ပုလဲနဲ့ငါးမှာ အလုပ်သွားဆင်းတာ ကုန်ချိန်(သုံးသောင်း)ကို အလုပ်သမား အယောက်(၂၀) နဲ့လုပ်တာ။ ညနေ ၄နာရီလောက်ကနေ မနက် ၈နာရီအထိ တစ်ညလုံးလုပ်လိုက်ရတာ ၃၀၀၀ ပဲရတယ်။ မနက်အစာပြေ ၀ယ်စားတာရယ်၊ လမ်းစရိတ်၊ ကွမ်းဖိုးတွေနဲ့ဆို အိမ်ကို ၂ထောင်ပဲပြန်ပေးနိုင်တယ် ” ဟု လှိုင်သာယာမြို့နယ် (၁၈)ရပ်ကွက် ရွှေရင်အေးဈေးအနီးနေထိုင်သူ ကိုမောင်နိုင်က ပြောသည်။
လှိုင်သာယာစက်မှုဇုံရှိ တိုင်ရီဖိနပ်စက်ရုံတွင် အလုပ်သမားများ လုပ်ခငွေရရှိမူနည်းပါးမူ ပြသာနာတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မတူညီသော စက်ရုံများက အခြေခံအလုပ်သမားများ
စုပေါင်း၍ အခြေခံ အလုပ်သမား အဖွဲ့အစည်းများဖွဲ့ပြီး မြို့နယ်အခြေခံအလုပ်သမာအဖွဲ့များဖွဲ့စ၍ မိမိတို့ရပိုင်ခွင့်များအား တောင်းဆိုနိုင်ကြောင်း၊ စက်ရုံတစ်ခုတွင် အလုပ်သမားဦးရေ
၁၀ရာခိုင်နူန်းဖြင့် အလုပ်သမားအဖွဲ့အစည်းတစ်ခုထူ ထောင်နိုင်ကြောင်း သိရသည်။
“စက်ရုံတွေမှာ အဲလိုအလုပ်သမား ရပိုင်ခွင့်ကို တောင်းဆိုလာတာ ကောင်းပါတယ်။ တောင်းဆိုနိုင်
တာတွေကို အလုပ်သမားတွေကလည်း သိသလို လုပ်ငန်းရှင်တွေကလည်း သိဖို့လိုအပ်ပါတယ်။ အလုပ်သမားက ရပိုင်ခွင့် ထဲက တစ်ခုခုတောင်းဆိုရင်လည်း လုပ်ငန်းရှင်တွေက မသိဘူးဆိုရင်
လည်း ကျွန်တော်တို့အတွက် နစ်နာတာပါပဲ” ဟု လှိုင်သာယာ ၁၈ ရပ်ကွက် လက်ဝဲသုန္ဒာရ ၂ လမ်း
မှ ကိုစန်းနိုင်က ပြောသည်။