Wednesday, April 11, 2012

သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ


နိုင်ငံတော်သမ္မတကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ၊ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အသစ် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ယနေ့ ဧပြီ ၁၁ရက်နံနက် ၁၁နာရီတွင် သမ္မတအိမ်တော်၌ ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့ ကြသည်။ တွေ့ ဆုံပွဲကို နံနက် ၁၂နာရီခွဲခန့် တွင်ရုပ်သိမ်းလိုက်ရာ တစ်နာရီခွဲခန့်   အကြာတွေ့ ဆုံစကားပြောခဲ့ကြခြင်းဖြစ်သည်။

နှစ်ဦးတည်း တွေ့ ဆုံ ဆွေးနွေးကြခြင်းဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။   ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး မိသားစုနှင့် ရင်းနှီးစွာ မိတ်ဆုံနေ့ လယ်စာသုံးဆောင်ခဲ့
ကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ ဆုံပွဲ နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ကို လောလောဆယ် မသိရှိရသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည်        နှင့် အင်န်အယ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်အမတ်များ အဖြစ်အသိအမှတ်ပြုခံရ အပြီးနှင့် တိုက်ဆိုင်နေသောကြောင့် နိုင်ငံရေးအရ ထူးခြားမှုရှိနိုင်မည့် တွေ့ ဆုံပွဲဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်       သူ အချို့ က သုံးသပ်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်နှင့်ဇနီး၊သမီး၊ မြေးများနှင့်အတူ မိသားစုပုံစံ ရင်းနှီးစွာနေ့ လယ်စာ သုံးဆောင်အပြီး မွန်းလွဲ ၁နာရီ ၂၅မိနစ်တွင် အိမ်တော်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်း ရရှိပါသည်။ ရန်ကုန်တိုင်း