ဓါတ်ပုံ AP
ကြားဖြတ်ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ လူငယ်များစိတ်လှုပ်ရှားမှုများရှိနေကြပြီး မိမိတို့ ထောက်ခံအားပေးသောပါတီဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ
ကိုထောက်ခံအားပေးကြဖို့  တိုင်း ဒေသ မြို့ နယ် အသီသီးမှ NLD တီရှပ်Tshirt များ ဦးထုတ်များ
လက်ပါတ် ခေါင်းစီး ရင်ထိုး စသည်တို့  အရောင်းသွက်လျှက်ရှိရာ လူငယ်များ ဖက်ရှင်အဖြစ်ခေတ်
စားနေပြီး ရွေးကောက်ပွဲနေ့ တွင် စုံညီဝတ်စုံများဖြင့် အားပေးထောက်ခံကြမည်ဖြစ်ပြီး မိမိတို့ ကိုယ်
စားလည် အောင်နိုင်ရေးအတွက် ပြည်သူလူထုကို စည်းရုံးမည်ဟု ပြောသံများထွက်ပေါ်နေသည်။
အော်ဒါထုတ်လုပ်သူများ အားလပ်ရက်မရှိ လုပ်ဆောင်နေရသောကြောင့် တခြားအော်ဒါများလက်
မခံနိုင် ဖြစ်နေရသည်ဟု ဆေးဆိုးပန်းရိုတ် လုပ်ငန်းရှင်မှသိရှိရသည်။
ပြည်တွင်း ဗေဒင်ဆရာမကြီး ဒေါ်နန်းရင်၏ တွက်ချက်အရ ၄ လပိုင်း ၁ရက်နေ့ တွင် တနိုင်ငံလုံး
အနီရောင်ဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို အလင်းဆောင်မည်ဟု တွက်ချက်ရသည်။