Wednesday, March 28, 2012

နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ

 ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြု     မည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။ 
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 
သို့ သော် လက်ရှိဖြစ်ပေါ်နေသည့် တရားမျှတမှုမရှိသော မဲဆွယ်စည်းရုံးရေးများ မတရားလုပ်   ခြိမ်းခြောက်မှုများ လေးခွနှင့်ပစ်မှု ခရီးစဉ်တွေမှာ ခရီးယဉ်များပိတ်ပင်မှု မဲစာရင်းများမှားယွင်း           မှု တရားဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှု စသည်တို့ ကို နိုင်ငံတော်အစိုးရနှင့် ရွေးကောက်          ပွဲကော်မရှင်မှ ဖြေရှင်းပေးခြင်းမရှိဘဲ ရွေးကောက်ပွဲပြုလုပ်ပါက အမှားအယွင်းများဖြစ်လာနိုင်သည်။    လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရမည် ဆိုပါက ဥပဒေကို  လေးစားဖို့  လိုအပ်ပေသည်။တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် မတရားမှုများကို အရင်ဖြေရှင်းသင့်ပေသည် မဖြေရှင်နိုင်ပါက မတရားရာရောက်ပေသည်။ ဒီမိုကရေစီတွင် အကတိ   လိုက်စားသူများ ဥပဒေချိုးဖေါက်သူများကို ထင်ထင်ရှားရှားအရေးယူသင့်သည် ဒါမှနောင်လာနောက် သားများ သင်ခန်းစာယူရပေမည်။ အစိုးရအဖွဲ့ ဝင်ဖြစ်သောကြောင့် အကြောင်းအမျိုးမျိုးဟုသုံးစွဲခြင်း  သည် ဥပဒေကိုဖုံးကွယ်ရာရောက်သည့်အပြင် ဘက်လိုက်ပြုလုပ်ခြင်းသာဖြစ်၍ တရားမျှတမှုမရှိပါ။