Sunday, March 25, 2012

အနုပညာရှင်အဆိုတော် ၂ ဦးက NLD ပါတီကို မဲပေးမည် ဖြစ်ကြောင်း ပြောဆို ထုတ်ပြန်လျက်ရှိ ပြောဆို



 


DETAIL NEWS  ရှုမ၀အောင်
အနုပညာရှင်ဆောင်းဦးလှိုင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကျေးဇူးဆပ်လို၍မဲပေးမည်ဖြစ်
ကြောင်း  ပြောဆိုသည်။
၂၀၁၀ တုန်းက ကျတော်မဲမပေးခဲ့ပါဘူး ကျတော်ကြိုက်တဲ့ ပါတီဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိလို့ပါ အခုတော့ကျတော်မဲပေးမှာပါ NLD ပါတီကိုကျေးဇူးဆပ်ချင်လို့မဲပေးမှာဖြစ်ပါတယ်အနုပညာရှင်
 ဆောင်းဦးလှိုင် ကပြောသည်။
၁၉၉၀ ခုနှစ်က အသက်ဆယ့်ရှစ်နှစ်ပြည့်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးခဲ့ကြောင်း၊ ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးမည်ဖြစ်ကြောင်း အနုပညာရှင်ဆောင်းဦးလှိုင်က ပြောပြသည်။

ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ကြိုပမ်းတဲ့နေရာမှာ တခြားသူတွေလဲရှိမှာပါ တခြားအဖွဲ့စည်း
  တွေလဲရှိမှပါ အစိုးရအဖွဲ့တွေထဲမှာလဲရှိမှာပါ ဒါပေမယ့် ပါတီထဲမှာတော့ NLD ပါတီက အများ ဆုံးကြိုးစားရတယ်လို့ ကျတော်တစ်ကိုယ်ရေတစ်ကာယသုံးသပ်ပါတယ် ဒါကြောင့် NLD ကိုမဲပေး မှာဖြစ်ပါတယ်ဟု အနုပညာရှင်ဆောင်းဦးလှိုင်က ပြောသည်။
အခြားသောပါတီများရဲ့မူဝါဒတွေကို နားထောင်ရကြောင်း အခြားသူများပြောကြားသောမူဝါဒသည် မိမိဆန္ဒနဲ့ မကိုက်ညီကြောင်း အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်မှ ပြောသောမူဝါဒများသည် မိမိဆန္ဒနှင့်ကိုက်ညီသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမည်ဖြစ်ကြောင်း အဆိုတော် အနဂ္ဂကပြောသည်။
ဥပဒေကို ခေတ်နဲ့အညီပြုပြင်ပြောင်းလဲဖို့ကို ကျတော်အရမ်းမျှော်လင့်ပါတယ် NLD ကဥပဒေကို ပြင်မယ်ဆိုတဲ့ အချက်ပါပါတယ် အဲဒီအချက်ကြိုက်လို့မဲပေးမှာပါ ကိုယ်ပြောမယ့်စကား
တစ်ခုကို ကိုယ်ရွေးချယ်မယ့် အစိုးရတစ်ရပ်က လုပ်ပေးမယ်လို့ ယုံကြည်လို့ပါဟု အဆိုတော် အနဂ္ဂက ပြောသည်။
မိမိသည် ၂၀၁၀ တုန်းက မဲမပေးခဲ့ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်၍မဲမပေး
ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းမည်ကို ယုံကြည်သောကြောင့် မဲပေးမည်ဖြစ်ကြောင်း အဆိုတော် အနဂ္ဂက ပြောသည်။
အာဏာရှင်စနစ်ကို ဆန့်ကျင်ချင်သောကြောင့် ကျတော်ပါတီစုံဒီမိုကရေစီစနစ်ကိုမဲပေး တာဖြစ်ပါတယ် နောက်တခုက ဘာလဲဆိုတော့ အစိုးရဆိုတဲ့သူတွေက ဘယ်သူလဲဆိုတာသိချင်
ရင် ကျတော်တို့မဲပေးမှ အစိုးရဆိုတဲ့ပုဂ္ဂိုလ်တွေဖြစ်တာပါ ဒါကြောင့် အစိုးရဆိုတာ ကျတော်တို့ကိုယ် ကျတော်တို့ သတ်မှတ်ထားရပါမယ် ဒါကြောင့် ကျတော်ဟာ အစိုးရဆိုတာမမေ့ပါနဲ့ဟု အဆိုတော်  
အနဂ္ဂ ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်၍ NLD မဲပေးမည်ဖြစ်ကြောင်း အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသောကြောင့်လဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမည်ဖြစ်ကြောင်း အဆိုတော် အနဂ္ဂက ပြောသည်။
အဆိုတော် ဆောင်းဦးလှိုင်နှင့် အဆိုတော် အနဂ္ဂအပြင် အခြား အနုပညာရှင်များကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကို မဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလျက်ရှိကြောင်း ကြားသိရသည်။