ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊
ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းသည့် မဲဆန္ဒနယ်များစာရင်း ကြေညာခြင်း၊
ကြေညာချက်အမှတ် (၁၆/၂၀၁၂) ကို မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ကြေညာချက်တွင် ကချင်ပြည်နယ်ရှိ (၁) ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ်၊ (၂) ဗန်းမော်မြို့နယ်
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ (၃) မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များသည်
လုံခြုံရေး အခြေအနေအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ
မရှိသဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ကျင်းပမည်မဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင် ဥပဒေပုဒ်မ ၁၀(စ)၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၀(ဂ)နှင့် ပုဒ်မ ၅၄ တို့အရ ရွှေ့ဆိုင်းလိုက်ကြောင်း၊ အဆိုပါ မဲဆန္ဒနယ်များတွင် နောင်လုံခြုံရေးအခြေအနေအရ
ရွေးကောက်ပွဲကျင်းပရန် အဆင်ပြေ သင့်လျော်မည့်အချိန်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေး မည်ဖြစ်သည်ဟု ဖော်ပြပါရှိကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။