Monday, March 26, 2012

စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် လူငယ်အများစု ပူးပေါင်းပါဝင်လာ

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် အသက်၂၀ အထက်လူငယ်တွေ
ဟာ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး လူမှုရေး လှုပ်ရှားမှုတွေမှာ အများအပြားပါဝင်လာနေကြ
တာကို တွေ့ မြင်ကြရမှာဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မဲဆွယ်စည်းရုံး
ရေးခရီးစဉ်တွေမှာ ရဲရဲဝင့်ဝင့် ရှေ့ တန်းမှပါဝင်လာတာကိုကြည်ရင် တတိုင်းပြည်လုံးအတိုင်းအတာ
လူငယ်ဦးရေ၏ တ၀က်နီးပါးဟာ အနာဂတ်မြန်မာနိုင်ငံ တိုးတက်ဖွင့်ဖြိုးရေးအတွက် မိမိတို့ မှာ
တာဝန်ရှိကြတယ် ဆိုတာကို ဒေသအနှံအပြားမှာရှိတဲ့ လူငယ်တွေပြောဆိုသံတွေရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတတွေ့ဆုံမူ၊ ပြည်သူတစ်ရပ်လုံး ကန့်ကွက်ခဲ့ကြတဲ့ မြစ်ဆုံ
ဆည် စီမံကိန်းကြီးကို ရပ်ဆိုင်း လိုက်မှု၊ အမေရိကန်နှင့် ဥရောပနိုင်ငံတွေဆီက သံတမန်တွေ လာရောက်တွေ့ဆုံမူတွေအပြင် ပြည်တွင်း ပြည်ပ မီဒီယာရဲ့အခန်းကဏ္ဍ တစ်နှစ်တာကာလအတွင်း အဖြစ်အပျက်တွေဟာ လူငယ်တွေကို အတွေးအခေါ်မြင့်တက်စေခဲ့ပြီး ပြောင်းလဲမှုပြယုပ် တွေဖြစ်တဲ့  အပြင် လူငယ်တွေရဲ့နိုင်ငံရေးရေချိန်တွေကို မြင့်တက်စေခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။

နယ်ဘက်မှာဆိုရင် ရွာသားတွေဟာ ပြည်သူ တစ်ယောက်အနေနဲ့ သူတို့ရဲ့ရပိုင်ခွင့်၊ နိုင်ငံအစိုးရကနေ သူတို့ကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာမျိုးကို မသိကြဘူး။ အသိပညာ၊ ဗဟုသုတတွေကို အမျိုသား
ဒီမိုကရေစီအဖွဲ့ ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  စည်းရုံးရေးခရီးစဉ်တွေမှာ ပြောကြားတဲ့မိန်ခွန်းတွေမှ
ရရှိတဲ့ နိုင်ငံရေးဆိုတာဟာ ရွေးကောက်ပွဲနဲ့  ပါတီ အစိုးရကိုပဲ ခေါ်တာ မဟုတ်ဘူး။ ကျွန်တော်တို့နေ့    စဉ် ဘယ်လိုအသက်ရှင်နေထိုင်တယ်။ ကိုယ့်အကျိုး၊သူများအကျိုးကို ဘယ်လိုပြုတယ်ဆိုတာဟာလည်း
 နိုင်ငံရေးပဲ လို့ ယူဆလာသူ လူငယ်များ၏ အသံကိုကြားလာရပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ဖေါက်လာရေးအတွက် မြို့ ရွာ ကျေးလက်ဒေသတွေမှာ လူငယ်သမဂ္ဂဖွဲ့ 
စည်းရေး လူငယ်အစည်းအရုံး ဒီမိုကရေစီလူငယ်များသမမဂ္ဂ စသည့်လူမှုအဖွဲ့ အစည်းတွေ တိုးမြင့် ဖွဲ့ စည်းလာကြပြီး ပြည်သူများ အာမခံချက်ရှိသော ဥပဒေစိုးမိုရေးအတွက် မတရားအနိုင်ကျင့်
မှုများကို လူငယ်တွေ ဖေါ်ထုတ်ဝေဖန်လာနေပြီး မိမိတို့ ဒေသ ဖွင့်ဖြိုးရေးအတွက် ယခုထဲက စနစ်
တကျ ဆောင်ရွက်နေကြတာတွေ့ မြင်နေရပါသည်။