အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ သဘာပတိအဖွဲ့ဝင် ဦးလှဖေ ၊ ဝါးခယ်မမြို့
နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှ
နံနက် ၁၀း၀၀နာရီမှာ ရောက်ရှိပါတယ် ၊ ရွှေလောင်းမြို့ ရွှေလောင်းမြစ်ဘေး သဲသောင်ပြင်မှာ ၁ နာရီ ခန့် ဟောပြောခဲ့ပါတယ် ၊ ပရိတ်သတ် ၆၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ရွှေလောင်းမှ နံနက် ၁၁း၃၀ နာရီမှာ ဆက်လက်ထွက်ခွာခဲ့ပြီး ဝါးခယ်မြို့သို့ ၁၂း၃၀အချိန်မှာ
ရောက်ရှိပါတယ် ။ ဝါးခယ်မမြို့ ဝါးခယ်မ တံတား အဆင်း ဆောက်လုပ်ဆဲ GSM တာဝါတိုင်ဘေး
သဲကွင်းနေပူကျဲကျဲ တွင် ၁း ၁၅ နာရီခန့်ဟောပြော စည်းရုံးခဲ့ပြီး ၊ ပရိတ်သတ် ၂၀၀၀ နီးပါး တက်ရောက်ခဲ့ပါတယ် ။ ညနေ ၃း၀၀ နာရီမှာ ၀ါးခယ်မမှဆက်လက်ထွက်ခွာခဲ့ရ
သို့ညနေ ၄း၀၀ နာရီမှာ ရောက်ရှိပြီး ကျွန်းကုန်းမြို့၊ မြို့လယ် ရပ်ကွက်မှာ အဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်လှစ် ပေးပြီး ၁ နာရီခန့် စည်းရုံး ဟောပြောကာ ညနေ ၅း၀၀ နာရီမှာ ထွက်ခွာ ခဲ့ပါတယ်။
ညနေ ၆း၁၅ မှာ အိမ်မဲမြို့သို့ ရောက်ရှိကာ ၊ အိမ်မဲ - ဒါးက လမ်းမပေါ်ရှိ မဏ္ဍပ်မှာ လူထု ပရိသတ်
၂၀၀ ခန့် အား စည်းရုံးဟောပြောပြီး ဆက်လက်ထွက်ခွာ ခဲ့ရာ ရေကြည်မြို့သို့ ည ၈း၀၀ နာရီမှာ ရောက်ရှိပြီး ညအိပ် ရပ်နားပါတယ် ။



