Thursday, March 22, 2012
ကဗျာဆရာများသမဂ္ဂမှပထမဦးဆုံးကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ကဗျာနေ့
မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂမှ ဦးစီးပြီး ပထမဦးဆုံး အကြိမ် ကျင်းပ ပြုလုပ်တဲ့ ကမ္ဘာ့ ကဗျာနေ့ ကဗျာရွတ်ဖတ်ပွဲ
အခမ်းအနားတစ်ခုကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ ဥက္ကဌ
မောင်စိမ်းနီ၊ အထွေထွေအတွင်းရေးမှူး သစ္စာနီနဲ့ အခြားကဗျာဆရာတွေ၊ ကဗျာကို စိတ်ဝင်စားတဲ့သူတွေ တက်ရောက်
ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားကို ပြည်လမ်း ယုဒသန်ရိပ်သာမှာ မတ်လ ၂၁ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီ
အထိ ကျင်းပပြုလုပ်ခဲ့တာပါ။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ကဗျာဆရာ အနေနဲ့သာ ဒီအခမ်းအနား
ကို တက်ရောက်လာတာဖြစ်ပြီး ဧည့်သည်အခန်းကဏ္ဍ ဆိုတဲ့ ကဗျာအစား ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ ဆိုတဲ့
ခေါင်းစဉ်နဲ့ ကဗျာကို ဖတ်ကြားခဲ့ပါတယ်။
Posted by
mya thein