မတ်လ ၂၂၊ ၂၀၁၂ ခုနှစ်၊ ညနေ ၆ ခွဲ (YPI)
အန်အယ်လဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဝင်ရောက် အရွေးခံမည့် ကော့မှူးမြို့နယ်သို့ မဲဆွယ် စည်းရုံးရေး ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ရာ ညနေ ၄ နာရီခွဲတွင် ကော့မှူးသို့ ရောက်
ရှိပြီး နာရီဝက်ကြာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုရာတွင် တချို့အဖွဲ့လေးတွေက ငွေလိုက်ချေးနေ တယ်ကြားတယ်၊ လိုအပ်ရင်ချေးပေးတဲ့ငွေကို ယူလိုက်ပါ၊ မဲပေးရင်တော့ကျွန်မကိုပဲ ပေးပါ၊ ပြီးရင် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ ဟု ထည့်သွင်းပြောကြားသွားသည်။
လူထုဟောပြောပွဲ ပြုလုပ်အပြီး အပြန်လမ်းတလျှောက် လူထုပရိသတ်အား နှုတ်ဆက်လျှက်ရှိကာ မဲပေးကြပါ၊ ကျွန်မကို မဲပေးကြပါဟု နှုတ်ဆက်ပြောဆိုကာ ရန်ကုန်မြိ့သို့ ပြန်လည်ထွက်ခွာလာနေပြီ
ဟု YPI သတင်းထောက်မှ သတင်းရရှိသည်။


