skip to main |
skip to sidebar
16-3-2012 ပြန်လည်
ပြင်ဆင်ထားသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို အတည်ပြု ပြီးပါက
နိုင်ငံတွင်း အလုံးအရင်းဖြင့် လာရောက်ရင်းနှီး မြှုပ်နှံမည့် နိုင်ငံမှာ
ဂျပန်နိုင်ငံသာ ဖြစ်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ
တာဝန်ရှိသူက ပြောသည်။
''ဘာကြောင့်လဲ ဆိုတော့ အစိုးရသစ် တက်ပြီး လာဆွေးနွေးမှု အများစုက ဂျပန်က ပဲ ဖြစ်နေ တာကြောင့်ပဲ''ဟု ကော်မရှင်မှ တာဝန်ရှိသူက ဆိုသည်။
အစိုးရသစ် တက်ပြီး ပြည်ပနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံရန်
ဆွေးနွေးမှုသာ ရှိနေသေးပြီး ကြီးကြီးမားမား လာရောက် ရင်းနှီးမြှုပ်နှံမှု
မပြုသေးခြင်းမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေပြင် ဆင်မှုကို
စောင့်ကြည့်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူက
ထပ်လောင်းပြော သည်။
မြန်မာနိုင်ငံသို့ လာရောက် လေ့လာသူ ဂျပန်
စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ''ကျွန်တော် တို့ရဲ့ သတင်းစာတွေမှာ
မြန်မာကို သွားရောက် ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်း မှုတွေ ရှိနေပါတယ်။
ကျွန်တော် တို့လည်း စိတ်ဝင်စားပါတယ်။ ရည်ရွယ်ထားမှုလည်း ရှိနေပါတယ်'' ဟု
ပြောသည်။ဂျပန်မှ မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း များတွင် အများဆုံး
ရင်းနှီး မြှုပ်နှံနိုင်ပြီး ဂျပန်ပြီးလျှင် တောင်ကိုရီးယားက ဒုတိယ
အများဆုံး လိုက်မည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦးက သုံးသပ်သည်။
JETRO YANGON ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Toshihiro Mizutani
က''မြန်မာနိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေဟာ လက်ရှိထက် ပို ပြီး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်း ပေးနိုင်မယ်ဆိုရင်
အလွန်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့် အရေးကောင်း တစ်ရပ် ဖြစ်မယ်လို့
ယုံကြည်ပါတယ်''ဟု သူ၏အမြင်ကို ပြောသည်။
အချက် ၁ဝ ချက် ထက်မနည်း
ပြန်လည်ပြင်ဆင်မှု ပြုလုပ်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို
အမျိုးသား လွှတ်တော်က အတည်ပြုပြီးဖြစ်ရာ ပြည်သူ့ လွှတ်တော်၊ ပြည်ထောင်စု
လွှတ်တော်နှင့် နိုင်ငံတော် သမ္မတ ထံသို့ ဆက်လက် တင်ပြရန်သာ ရှိတော့ကြောင်း
ဦးအောင်နိုင်ဦးက ပြောသည်။