Wednesday, March 7, 2012

နှစ်သိန်းတန်ဖုန်း ရောင်းချမည့် အစီအစဉ်များ

၇-၃-၂၀၁၂

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ဒေသတွင်း ဆက်သွယ်မှု ဆောင်ရွက်သည့်      ကုမ္ပဏီတို့ ညှိနှိုင်း၍ မိုဘိုင်းလ် တယ်လီဖုန်းများ ရောင်းချမည့် အစီအစဉ်များမှာ

(က) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။

(ခ) ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး (၇) ခု၌ (ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး မြို့မှအပ) GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။

(ဂ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များ၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။

(ဃ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ (ရန်ကုန်တိုင်း ဒေသကြီး        နှင့် မန္တလေးမြို့မှအပ) WCDMA မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပေးမည် ဖြစ်ပါသည်။

(င) ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး မြို့တို့၌ WCDMA မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပေးမည် ဖြစ်ပါသည်။

(စ) CDMA 450 MHz နှင့် CDMA 800 MHz မိုဘိုင်းလ်ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီ ဖြစ်သဖြင့် လောလောဆယ်တွင် ရောင်းချပေးနိုင်ခြင်း မရှိသေးပါ။ ရောင်းချပေးနိုင်မည့် ကာလကို ထပ်မံ အသိပေး တင်ပြသွားမည် ဖြစ်ပါသည်။

(ဆ) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စ၍ ရောင်းချပြီး ဖြစ်သည့် GSM မိုဘိုင်းလ်ဖုန်းများသည် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးမြို့ စည်ပင်သာယာ နယ်နမိတ်များ အတွင်းသို့ လောလောဆယ်   တွင် ယူဆောင်၍ ဆက်သွယ်ပြောဆို ရရှိနိုင်ခြင်း မရှိသေးပါ။ ကျန်ရှိသည့် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ     GSM/ UMTS Stations ရှိသည့် နေရာများတွင်မူ ဆက်သွယ် ပြောဆိုနိုင်ပြီ ဖြစ်ပါသည်။        ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် GSM/ UMTS Network အား ပိုမိုကောင်းမွန်အောင် ဆောင်   ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway များ တိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများ ပြီးစီးမည့် ၂၀၁၂ ခုနှစ် မေလ ပထမပတ်တွင် နေရာဒေသမရွေး ယူဆောင် ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ပါသည်။

(ဇ) ရောင်းချရာတွင် ဒေသတွင်းရှိ အမှန်တကယ် သုံးစွဲလိုသော ဒေသခံ ပြည်သူများ လက်ဝယ်သို့ ရောက်ရှိရေး အတွက် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာများနှင့် ၎င်းဒေသတွင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများ ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါကြောင်း။