၇-၃-၂၀၁၂
အာဏာရှင်လူယုတ်မှာ
စစ်ဘီလူး င/သန်းရွှေ မိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု
အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ
အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထက် မနည်းကြောင်း ရန်ကုန်မြို့ရှိ စိန်ကုန်သည်ကြီး
တဦး က ခန့်မှန်း ပြောဆို လိုက်သည်။
မင်္ဂလာအခမ်းအနားတွင်စိန်များဖြင့်ဆင်ယင်ထားသောဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီးကိုတွေ့မြင် ရစဉ်။၎င်းတို့၏မင်္ဂလာအခမ်းအနားမှတ်တမ်းဗီဒီယိုအခွေသည်ပြင်ပသို့ပျံ့နှံ့ထွက်ပေါ်လာရာကြည့်ရှုရ သူများက“ စိန်စီသောည”ဟုအမည်ပေးခေါ်ဝေါ် ခဲ့ကြသည်။
“စိန် တန်ဖိုး ဒေါ်လာ သန်း၂၀၀ ဆိုတာက ၂၀၀၄ ခုနှစ်လောက်ကနေ ၂၀၁၀ အထိ
ဝယ်ခဲ့တဲ့ ပမာဏကိုပဲ ခန့်မှန်းတာပါ။ ၂၀၀၄ မတိုင်ခင်တုန်းက အခြေအနေကိုတော့
မသိဘူး”ဟု ယင်းကုန် သည်က ရှင်းပြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
မိသားစုသည် “စိန်”ကို အလွန် နှစ်ခြိုက်သူများ ဖြစ်ကြပြီး စိန် လက်ဝတ်
ရတနာများကို ဦးစားပေး ၀ယ်ကြကြောင်း၊ တလုံးလျှင် ဒေါ်လာ ၅ သိန်း ခန့်(ကျပ်
သိန်း ၅၀၀၀ ခန့်) တန် စိန်များဖြင့် စီခြယ်ထားသော လည်ဆွဲ ဘယက် တခုကို
မကြာသေးမီက ၀ယ်ယူခဲ့ကြောင်း၊ စိန် လက်ဝတ်ရတနာ အပြင် အရည်အသွေးကောင်း စိန်
များကိုလည်း တလုံးချင်း ၀ယ်ယူစုဆောင်းလေ့ ရှိကြောင်း ရန်ကုန်မြို့
စိန်ကုန်သည် အသိုင်းအ၀န်း က ပြောဆိုကြသည်။
“ဗိုလ်ချုပ် မိသားစုတွေထဲမှာ
စိန် အများဆုံး ၀ယ်တာက ဗိုလ်ချုပ်မှူးကြီး မိသားစုပဲ။ နှစ်လ၊ သုံးလခြား
စိန် ၀ယ်တယ်။ စိန် ၀ယ် ယူတဲ့ နေရာမှာ ၀ယ်မယ့် တန်ဖိုးကို ကြိုတင်
အကြောင်းကြားပြီး ပစ္စည်း ရှာခိုင်းတယ်”ဟု အထက်ပါ ရန်ကုန် စိန်ကုန်သည် က
ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် စိန် ၀ယ်ယူရာတွင် ဗေဒင်
ယတြာများ ဆောင်ရွက်ပြီး နေ့ကောင်းရက်မြတ် ရွေးကာ ၀ယ်ယူကြောင်း သိရှိရသည်။
“စိန် တန်ဖိုး ဘယ်လောက်ဝယ်မယ်၊ ဒါ တည်မြဲနိုင်သလား၊ ၀ယ်သင့်သလား၊
ဝယ်သင့်ရင်လည်း ဘယ်လိုအချိန်၊ ဘယ်လို နက္ခတ် မျိုး ပေါ်တဲ့အချိန်မှာ
ဝယ်သင့်သလဲ ဆိုတာမျိုးပေါ့။ အခါတော်ပေးတွေကို မေးတယ်။ နောက်ပြီး
အိမ်တိုင်ရာရောက် စိန် လာပေးမယ့် စိန် ကုန်သည်ကို လည်း အ၀တ်အစား ဘယ်လိုမျိုး
ဝတ်လာရမယ်ဆိုတာ ညွှန်ကြားလေ့ရှိတယ်”ဟု စိန် ကုန် သည်ကြီး တဦးကလည်း
ပြောပြသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ
သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု အတွက် နာမည်ခံ စီးပွားရှာ ပေးနေရပြီး
အဆိုပါ စီးပွားရေးလုပ်ငန်းမှနေ၍ ဗိုလ်ချုပ်မှူးကြီး မိသားစု အတွက် လစဉ်
အမေရိကန် ဒေါ်လာ သန်းချီ၍ ပုံမှန် ၀င်ငွေရရှိနေကြောင်း၊ ပြည်သူပိုင်
ရေနံနှင့် သဘ၀ဓာတ်ငွေ့ ရောင်းချခြင်းမှ ရရှိသော ၀င်ငွေများကိုလည်း
ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့
နှစ်ဦးကသာ အဓိက စီမံခန့်ခွဲ ကိုင်တွယ်ကြကြောင်း နေပြည်တော် စစ်ဘက် အသိုင်း
အ၀န်း၌ ပြောဆိုနေကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအပြင် ၎င်း၏
ကိုယ်ရေးအရာရှိများ ဖြစ်ကြသည့် ဗိုလ်ချုပ် နေ၀င်း နှင့် ဗိုလ်မှူးချုပ်
စိုးရှိန် တို့မှာ လည်း အများဆုံး စိန် ၀ယ်စုသူများ ဖြစ်သည်ဟု စိန်ကုန်သည်
အသိုင်းအ၀န်းမှ သိရှိရသည်။
ယခင် ကိုယ်ရေးအရာရှိဖြစ်ခဲ့သော
ဗိုလ်ချုပ်နေ၀င်းသည် ကျောက်ကပ် ရောဂါခံစားနေရသော်လည်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဘောကျ ချစ်ခင်မှုကိုခံရသဖြင့် ယခုအချိန်အထိ
နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းတွင် သြဇာအာဏာ ကြီးသော ဗိုလ်ချုပ် တဦး
အဖြစ် ရပ်တည်နေပြီး ဗိုလ်ချုပ်မှူးကြီး၏ လူယုံတဦးအဖြစ်လည်း ဆက်လက်
တာဝန်ထမ်းဆောင်လျက် ရှိသည် ဟု နေပြည်တော် စစ်ဘက် ဆိုင်ရာ အသိုင်းအဝန်းက
ဆိုသည်။
ယခု လက်ရှိ ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်မှာမူ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် ဆက်စပ် သော စီးပွားရေး လုပ်ငန်း
များ အားလုံးတွင် အစုရှယ်ယာရှင် တဦးဖြစ်သည်ဟု သိရသည်။ Aarakan thein