Wednesday, March 7, 2012

ဆိုးရော့စ်နဲ့ စတစ်လစ် မြန်မာသားကောင်ကို ချောင်းပြီ

 ၇-၃-၂၀၁၂                                 စီးပွားရေးပညာရှင် စတစ်လစ်
မြန်မာနိုင်ငံကို မကြာခင်က စီးပွားရေးလက်ချာပေးသွားတဲ့ အမေရိကန် စီးပွားရေးပညာရှင် Stiglitz စတစ်လစ်ဇ်ဟာ ဟက်ခ်ျဖမ်းတွေထောင်ထားတဲ့ သူဌေးကြီး ဆိုးရော့စ် ထောက်ပံ့ထားတဲ့ စိးပွားရေးပညာရှင်သာမက ဆိုးရောစ့် Open Society Foundation အပါအအ၀င် ဆိုးရော့စ်အဖွဲ့အစည်းတွေရဲ့ ဘုတ်အဖွဲ့ဝင်တဦးလဲဖြစ်တယ်။ စတစ်လစ်ဟာ ဆိုးရော့စ်အကူအညီနဲ့  INET ခေါ် Institute for New Economic Thinking ရဲ့ဘုတ်မှာလဲ ပါပါတယ်။ INET ဆိုတာ တကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကို ပြန်ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့အဖွဲ့ကြီး ဖြစ်တယ်။ ဆိုးရော့စ်ဟာ     INET ကိုစတင်တည်ထောင်သူဖြစ်ပီး စီးပွားရေးပညာရှင် စတစ်လစ်နဲ့ INET ကို ပီးခဲ့တဲ့ ၅ နှစ်အတွင်း ဒေါ်လာ ၂၅ သန်းပေး ထောက်ပံ့ခဲ့သူလဲ ဖြစ်တယ်။

ဆိုးရော့စ်ဟာ နိုဘယ်ဆုရ အမေရိကန်စီးပွားရေးပညာရှင် စတစ်လစ်ကို အသုံးချပီး လူထုကို ကစားနေသူဖြစ်တယ်လို့တောင် စွပ်စွဲတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ပိုလန်ပြုပြင်မှုတွေလုပ်တော့ အမေရိကန်စီးပွားရေးပညာရှင် ဂျက်ဖရီဆာ့ကို ပိုလန်ဆွဲသွင်းလာပီး ရှော့သရေဖီနည်းနဲ့ ဆေးခါးတိုက်ပြောင်းခဲ့တာ ဆိုးရော့စ်ပဲဖြစ်တယ်။ ပီးရင် အောက်ဈေးနဲ့ ပိုင်ဆိုင်မှုတွေဝယ်..အစိုး
ရလဲ ခါလီကျ။ ခုလဲ အမေရိကန် စီးပွားရေးပညာရှင် စတစ်လစ်ကို မြန်မာပြည်ထဲ ဆိုးရော့စ်ဆွဲသွင်း လာပြန်ပြီ။ သားကောင်ဆူဖြိုးလာအောင် နည်းပြပေးမယ်။ ပီးမှ ဆူဖြိုးလာတဲ့ သမင်ကို ခုတ်စားမယ်။ အမေရိကန်မှာ ဆူညံသွားတဲ့ Occupy Wall Street ဆန္ဒုပြပွဲတွေကို နောက်ကွယ်က ကြိုးကိုင်သွား      တာလဲ ဆိုးရော့စ်ဖြစ်တယ်လို့ ထောက်ပြကြတယ်။Swe Swe Kyi