15-3-2012
လှည်းတန်းခုံးကျော်တံတား တည်ဆောက်နိုင်ရန် မြေအောက်ဝါယာ ကြိုးများနှင့်ရေမြောင်း
များ ပြောင်းရွှေ့ခြင်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပြောသည်။
”မြေအောက်ဝါယာကြိုးနဲ့ ရေမြောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က ရှင်းလင်းပြီးပါပြီ။ မကြာခင် စတင်တည်ဆောက်မှာပါ” ဟု ၄င်းက လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ပန္နက်
တင်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည့် မတ်လ ၁ဝ ရက်နေ့ တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ဒီဇိုင်းကို စင်ကာ ပူနိုင်ငံမှ ပညာရှင်များနှင့်
မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော
သည်။