Thursday, March 15, 2012

တန်ဖိုးနည်း SIM ကဒ် မြန်မြန် ပေါ်ပေါက်ပါစေ . .

15-3-2012
ကျွန်တော်လုပ်တဲ့ အလုပ်က နိုင်ငံခြားသား(ကမ္ဘာလှည့်ခရီးသွား)အများစုနဲ့ဆက်ဆံရတယ် . .
တစ်နေ့က နိုင်ငံခြားသားတစ်ယောက်ကမေးတယ်မင်းတို့ဆီမှာ SIM ကဒ် ဘယ်လိုဝယ်ရလဲတဲ့
တစ်ကဒ်ကို အနည်းဆုံး ၅၀၀၀၀၀ (nearly 650 US dollars) လို့လည်းပြောလိုက်ရော .
အရမ်းအံ့သြသွားတယ် . .ပြောလက်စနဲ့မထူးပါဘူး ဆက်ပြောလိုက်တော့တယ်ဒါတောင်
 ပြီးခဲ့တဲ့ ၃/၄ နှစ်ကမှ စပြီးရတာလို့အရင်တုန်းက ကဒ်တွေဆို ၁၅၀၀၀၀၀ လောက်ပေးရတယ်ဆို
တာ့လုံးဝကို မယုံနိုင်ဘူးဖြစ်သွားတယ် (Unbelievable) တဲ့ပြီးတော့ သူကပြောတယ် သူတို့ဆီမှာဆို
ရင်SIM ဆိုတာ အလကားနီးနီးကိုရတယ်Prepaid ကဒ်ကိုပဲဝယ်သုံးရုံပဲတဲ့ ..ဟုတ်တယ်
အခုမြန်မာနိုင်ငံက ဘယ်လိုဖြစ်နေသလဲဆိုတော့ဆက်သွယ်ရေးလုပ်ငန်းဆိုတာ လုပ်ငန်းရှင်တွေ
အတွက် သုံးသီးစားဖြစ်နေတယ်ပြည်သူတွေကတော့ သွေးစုပ်ခံနေရတာပေါ့.........


ဥပမာ။ ။တာဝါတိုင်ထောင်တာဘာညာ အားလုံးပေါင်း သိန်း ၁၀၀၀ ကုန်တယ်ပဲထားအဲဒီမှာ
 ဖုန်း အလုံးပေါင်း ၅၀၀ ပြောလို့ရတယ်ဆိုရင် တစ်လုံးကို ၂၀၀၀၀၀ နဲ့ရောင်းရင် အရင်းကျေပြီ ။
ကျန်တဲ့ ဖုန်းခေါ်ဆိုခကို သူတို့က တစ်သက်ထိုင်စားရုံပဲတစ်မိနစ်ကို ၅၀နဲ့ ဖုန်းအလုံးပေါင်းများစွာ မိနစ်ပေါင်းများစွာ။နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ဟန်းဆက်တွေကို ဟိုဖက်ကနေသယ်ပြီး ၀ယ်ရောင်းလုပ်မယ်သူတို့နဲ့ အကျိုးတူစီးပွားပေါ့။ကမ္ဘာ့နိုင်ငံတော်တော်များများမှာ SIM ကဒ်ဆိုတာ တန်ဖိုးမရှိပါဘူး အလကားနီးနီးရနေပါတယ်မြန်မာနိုင်ငံမှာမှ ၅၀၀၀ တန် SIM ကဒ်ဟာ နည်းပညာအရမဖြစ်နိုင်ဘူးဆိုတာ လုံးဝအဓိပ္ပါယ်မရှိပါဘူးအဲဒီတော့ မြန်မာနိုင်ငံမှာ တန်ဖိုးနည်း SIM ကဒ်များပေါ်ပေါက်လာဖို့အရေးဝိုင်းဝန်းတောင်းဆိုကြပါစို့ .. ။  

မောင်ရဲထွေး(UCSM)7.Mar.2012  2:34 AM