၁၄-၃-၂၀၁၂
မြန်မာနိုင်ငံ၏ အစိုးရ၀န်ကြီးများနှင့် ၀န်ထမ်းများ မိမိတို့ ၏ ရရှိသောလစာဝင်ငွေကို အခွန်ငွေ
ထမ်းဆောင်ကြရမည်။အကြီးအကဲများအား အထူးခံစားခွင့်မပြုနိုင်ပါ နိုင်ငံသားများနှင့် နိုင်ငံတကာ
ရှိနိုင်ငံသားများသည် ၀င်ငွေခွန်များကို ထမ်းဆောင်နေကြရသည်။ ၀န်ကြီးများ ပိုင်ဆိုင်မှုနှင့် အခွန်ငွေ မကြေညာဘဲ ထိန်ချန်ထားခြင်းသည် တိုင်းပြည်၏ တည်ဆဲဥပဒေများကို ချိုးဖေါက်ခြင်းဖြစ်ပြီး
လွှတ်တော်တွင် ခေါ်ယူစစ်ဆေးရမည်ဖြစ်သည်။ဝင်ငွေကိုကျော်လွန်၍ ပိုင်ဆိုင်မှုများသည် နိုင်ငံပိုင်
ဘဏ္ဍာငွေများဖြစ်၍ မတရားခိုးယူထားခြင်းဖြစ်သောကြာင့် နိုင်ငံတော် အထူး ရဲစုံစမ်းရေးအဖွဲ့ မှ
နိုင်ငံတော်ဝန်ထမ်းများ လဒ်စားမှုကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိသည်။
အမည်ရင်း - ကျော်ဆန်း။
တာဝန် - ပြန်ကြားရေးဝန်ကြီး။
သူသည် နိင်ငံတော်ပိုင်ငွေကြေး၊ အိမ်မြေခြံများကို ဒေါ်လာသန်းပေါင်းများစွာ ခိုးထားကြောင်း စစ်ရင်းစစ်အဖွဲ့ မှာတွေ့ ရှိထားသည်။ ဦးသိန်းစိန် အစိုးရက အမြန်ဆုံးအရေးယူပေးရန် တိုက်တွန်း
ပါသည်။သတင်း မီဒီယာများအနေဖြင့် ၀န်ကြီးများနှင့် နိုင်ငံတော် ၀န်ထမ်းများ၏ Black Money
တရားမ၀င်ငွေ လက်ဝယ်ထားရှိမှု လဒ်စားမှု ထိန်ချန်မှုများကို ဖေါ်ထုတ်ရန် နိုင်ငံသားတိုင်းတွင်
တာဝန်ရှိသည်။