Friday, February 3, 2012

ကန်တော်ကြီးဥယျာဉ် ရှိ မျှော်စင်ကျွန်းတွင်ပြုလုပ်သော HIV/AIDS ရန်ပုံငွေဂီတပွဲတော်



















၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့၊ကန်တော်ကြီးဥယျာဉ်
ရှိ မျှော်စင်ကျွန်းတွင် HIV/AIDS ရောဂါ ကာကွယ်ရေး၊ကုသရေး၊ပြုစုရေး၊စောင့်ရှောက်ရေးလုပ်ငန်း
များ ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဂီတရန်ပုံငွေဖျော်ဖြေပွဲကို ဒေါက်တာတင်မျိုးဝင်း ဦးစီးသော အေးမြမေတ္တာ(ကျန်းမာရေးစောင့်
ရှောက်မှုဖောင်ဒေးရှင်း)၊SKY NET Media ၊ Super Lamp လျှပ်စစ်ပစ္စည်းကုမ္ပဏီ၊Nizuno (Ladies Footwear) ၊ The Street (Entertainment) ၊ Shwe FM နှင့်မြနန္ဒာ (သောက်ရေသန့်)တို့မှ
ကူညီပံ့ပိုးပေးခဲ့ပါသည်။ဂီတပွဲဝင်ကြေးကိုအခမဲ့သတ်မှတ်ထားပြီး၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း
စုကြည်ပုံရိုက်နှိပ်ထားသော တီရှပ်များကိုအဆိုပါရန်ပုံငွေပွဲအတွက်ရောင်းချပြီး၊ကယ်ရီကေချာကာတွန်းပညာရှင်များကလည်းရန်ပုံငွေရရှိရန်အတွက်ကယ်ရီကေချာပုံများရေးဆွဲ၍ရန်ပုံငွေရှာဖွေ
ပေးခဲ့ပါသည်။ရန်ပုံငွေဂီတပွဲတော်သို့ ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ကိုမြအေး၊ကိုဂျင်မီတို့တက်ရောက်အားပေးခဲ့ကြပါသည်။ဂီတပွဲတော်အဖွင့်ကို ၀ါးခယ်မ ဦးရဲမောင်မှ နဂါးနီသီချင်းဖြင့်စတင်သီဆိုဖွင့်လှစ်ပေးပြီး ကိုနေ၀င်း၊ကိုရဲလွင်၊ကိုညီညီလွင်၊
ဂျေမောင်မောင်၊ဂျေညီညီ၊ဂျေညီမလေး၊ဆောင်းဦးလှုင်၊ပွင့်နဒီမောင်၊နွဲ့ယဉ်ဝင်း၊သံသာဝင်းနှင့်
တေးသံရှင်များစွာပါဝင်သီဆိုဖျော်ဖြေခဲ့ကြောင်းသိရှိရပါသည်။