၃-၂-၂၀၁၂
ဖေဖော်ဝါရီလ ၄ရက်နှင့် ၅ ရက်နေ့တွင် မန္တလေးသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက သတင်း ထုတ်ပြန်ခဲ့ပါသည်။
ဖေဖော်ဝါရီလ
၎ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ ပေါက်စေတီကျောင်းတိုက်၌ ပြုလုပ်ရန်
စီစဉ်ထား သော လွတ်မြောက်သံဃာတော်များ သိက္ခာထပ်ပွဲနှင့် လွတ်မြောက်သူတို့အား
ကြိုဆိုပွဲ အစီအစဉ်ကို မူလအစီအစဉ်အတိုင်း ကျင်းပမည် မဟုတ်တော့ဘဲ
ဖျက်သိမ်းလိုက်ကြောင်း ပွဲကျင်းပရန် စီစဉ်သူများ ထံမှ သိရှိရပါသည်။
သိရှိရသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်တွင် ဟောပြောရန်နေရာ အခက်အခဲများရှိနေပြီး နေရာဌားရန် အဖွဲ့ အစည်းတခုမှ အနှောက်အယှက် အတားအစီးများပြုနေ သည်ဟု ပြောဆိုကြသည်။ ထိုသို့ ဆောင်ရွက်နေခြင်းသည်လူထုကထောက်ခံအားပေးနေသော ဒေါ်အောင်ဆန်းစုကြည်အား မနာလိုရန်မူလိုသော ဆန္ဒဖြင့်လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် အစိုးရတရပ်တွင်တာဝန်ရှိသည်။ မဲဆွယ်စည်းရုံးရေးခရီးစဉ်များကို ပျက်ပြားအောင်ဆောင်ရွက်နေခြင်းဟု ထင်မြင်ရသည်။မြန်မာနိုင်ငံ သည် လည်းကောင်းအခြေအနေများကြောင့် လွတ်လပ်မှုမရှိသေးသော လက္ခာဖြစ်ပေသည်။ ဒီမိုကရေစီအရ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရန် ပါတီအသီးသီး၏ စည်းရုံးရေးခရီးစဉ်များကို အစိုးရမှ တာဝန်ယူဆောင့်ရှောက်ပေးရပေမည်။ဖြစ်ပေါ်လာသော ပြဿနာ အခက်အခဲများကိုလည်း အစိုးရကတာဝန်ယူဖြေရှင်းပေးရမည်ဖြစ်သည်။