မန္တလေး - ဖေဖ၀ါရီ ၂
ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ခရီးစဉ်ကို ကြိုဆိုရန် မြို့ခံများ ပြင်ဆင်နေကြသည်ဟု
မန္တလေးမြို့မှ သတင်းထောက်က သတင်းပေးပို့သည်။
“ အဲဒီနေ့မှာ လေယာဉ်ကွင်းကနေ မနက်ကတည်းက ကားတွေနဲ့ သွားစောင့်ဖို့ ပြင်နေကြတယ်။ ကျွန်တော်တို့ကတော့ စိတ်တွေအရမ်းလှူပ်ရှားမိတယ်ဗျာ။” ဟု မန္တလေးမြို့မှ ပဲကုန်သည်တစ်ဦး က ပြောပြသည်။
ဇန်န၀ါရီလ၄ရက်နှင့် ၅ရက်များတွင် တိုက်ဆိုင်စွာ ကျင်းပပြုလုပ်မည့့်  ဘားကမ့်မန္တလေး 2012 ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် ဖိတ်ကြားထားကြောင်း ဘားကမ့်မန္တလေး စီစဉ်သူများ
ထဲမှ လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး ခရီးစဉ် အတွက် ကြိုတင်ကာလက်ကမ်းစာစောင်များကို လုစည်ကားရာ နေရာများတွင် ဖြန်ဝေမှုများဆောင်ရွက်နေကြောင်းသတင်းရရှိသည်။ ထိုလက်
ကမ်းစာစောင်တွင် ထားဝယ်ခရီးစဉ်မှ ဓာတ်ပုံများကိုကာလာဖြင့်ဖော်ပြရိုက်နှိပ်ထားသည်ကိုတွေ့
ရသည်။ခရီးစဉ်သတင်း ကြောင့် မန္တလေးတွင် ပါတီဝင်ရန် လာရောက်လျောက်ထားသုပိုမိုများ
လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းစည်းရုံးရေးမှုး ဒေါ်သန်းသန်းအေးကပြောကြား
သည်။
ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့တွင် မန္တလေး သွားရောက်ရန်ရည်ရွယ်ထားသော
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးကြည်တိုးက The Voice Weekly သို့ အတည်ပြု ပြောကြား
ပြီး မည်သည့်အကြောင်းကြောင့် ဖျက်သိမ်းသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။