Friday, February 24, 2012

ကချင်ပြည်သူလူထုကြီး၏ အသံများ ကချင်သားတွေကလဲ အမေစုပါဘဲ


 ကြည့်ပါဦးဗျာ အားရစရာ...ကချင်ပြည်နယ် ခရီးစဉ်မှာ မျိုးဆက်သစ် လူငယ်တွေများလွန်းလို့ 
အမေစုတောင် မိန့်ခွန်းထဲ ထည့်ပြောရတယ်...လူငယ်တွေ တကယ့်အရေးဆို ရှေ့ဆုံးကပါ...။
ရင်ထဲမှာ ရှိပြီးသား သိပြီးသား တို့အမေစုတဲ့။


မနောမြေ မနောကွင်းမှာ မနောဖြူတဲ့တို့တိုင်းရင်းသားတွေက သဘောဖြူစွာ တို့အမေစုနဲ့အတူ
 ငြိမ်းချမ်းရေးအတွက် သဘောတူခဲ့ကြတယ်...။ သဘောရိုးနဲ့ ပြောရရင်တော့ ပြည်သူတွေ 
သဘောမပါတဲ့ ဟိုအဖွဲ့ရေ သဘောပေါက်ပါတော့လို့ ...
 
ကချင်ရိုးရာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ တို့အမေစုမနောကွင်းမှာ မိန့်ခွန်းမပြောမှီကချင်ရိုးရာ 
ဝတ်စုံပေါ်မှာ ဝိုင်းမော်မြို့နယ်က ပေးတဲ့ သဘက်လေးနဲ့ပေါ့တိုင်းရင်းသား ကချင်ပြည်နယ် 
သားတွေရဲ့ သွေးစည်းညီညွတ်မှုအတွက် ကျေးဇူးတင်ပါတယ်..။

 ချစ်စရာမနောမြေက ပြည်သူလူထုတွေပါ..လူမစွမ်း နတ်မတဲ့ မြန်မာစကားပုံ ရှိပါတယ်..။
ဒီလူတွေ ဘယ်နတ်က မလာတာပါလိမ့်..ဒီလို လူစုလူဝေးမျိုး နမ္မတီးမြို့မှာ ရှိခဲ့ဘူးပါလား..
ဘယ်သူက မလာမနေရ စည်းရုံးထားပါလိမ့်..အာဏာစက်နဲ့ ဆင့်ခေါ်စရာမလိုဘဲ..
ယုံကြည်ချက်နဲ့ လေးစားချစ်ခင်မှုဟာ လူထုရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေတော့ လူစွမ်း

နေတော့ နတ်မစရာမလိုလေ...အာဏာစက်ထက် လူထုစက် လက်စောင်းထက်၏..
ချစ်စရာမနောမြေက ပြည်သူလူထုတွေပါ..