Friday, February 24, 2012

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ ကောက်နုတ်ချက်)

 ၂၄-၂-၂၀၁၂                                                                                                                             ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေဟာ ကိုယ့်အိမ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စလို့
သဘောထား နိုင်ရမယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒုက္ခတွေဟာ ဒီနိုင်ငံမှာရှိနေတဲ့ လူတွေ အားလုံး ဖြစ်နေတဲ့ ဒုက္ခတွေလို သဘောထား နိုင်ရမယ်။ ဒီပြည်နယ်မှာ ဘာလို့ ငြိမ်းချမ်းရေး မရနိုင်ရတာလဲ။ အားလုံး ၀ိုင်းစဉ်းစား ကြရမယ်။ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့လဲ။ ၁၉၄၇         ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပြီး လက်မှတ်ရေးထိုးခဲ့လို့ ပင်လုံစာချုပ်ဆိုတာ ပေါ်လာပြီး လွတ်လပ်ရေး ရခဲ့တာပါ။ မနေ့ညက ကချင် ခေါင်းဆောင်
တွေနဲ့ စကားပြောဖြစ်ခဲ့တဲ့ အခါမှာ ပင်လုံစိတ်ဓာတ်ဆိုတာ မြစ်ကြီးနားကနေ စပြီး သွားခဲ့တာလို့ ကချင်ခေါင်းဆောင်တွေက သတိပေးပါတယ်။

ဒီနိုင်ငံမှာရှိတဲ့ ချမ်းသာ ကြွယ်ဝမှု မှန်သမျှဟာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်။
ဒီချမ်းသာ ကြွယ်ဝမှုတွေကို မျှမျှတတ ၀င်ယူဖို့က အရေးကြီးတာပါပဲ။ ဒီလို စနစ်တစ်ခုဖြစ်ဖို့
ကြိုးစားနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားဆိုတဲ့ နေရာမှာ ဗမာလည်း ပါပါတယ်။ အများစုဖြစ်လို့ ဗမာတွေအနေနဲ့ ပိုပြီး သဘောထား ကြီးနိုင်ရမယ်။ ပိုပြီး ကြိုးစားရမယ်။ ငြိမ်းချမ်းရေးနဲ့ တန်းတူ ညီမျှရေးအတွက် ပိုပြီး လုပ်ဆောင်ရမယ်။ ဒါဟာ လူအများစုရဲ့ တာဝန်ပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး     မရှိဘဲ ဒီနိုင်ငံ တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ တစ်နေရာမှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် နိုင်ငံတစ်နိုင်ငံလုံးရဲ့ အလားအလာကို ထိခိုက်ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ
ကာက်နုတ်ချက်)