ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်ရှိ သာဓုကျောင်းတိုက်မှာ ရွှေည၀ါဆရာတော်ကြီး ထွက်ခွာပေးခဲ့ရ
သည့်မြင်ကွင်းကို မြန်မာတနိုင်ငံလုံးမှ ပြည်သူများမှတွေ့ မြင်ခဲ့ရပြီး မှော်ဘီမြို့ နယ်က ခြံတခြံမှာသတင်း သုံးဖို့ ရောက်ရှိလာသော ဆရာတော်ကြီးမှာ ကြက်ခြံအနီး တဲငယ်တခုဖြင့်နေထိုင်ရမည့် သတင်း
များထွက်ပေါ်လာပြီး တကာ တကာမများနှင့်ဓမ္မမိတ်ဆွေများမှ ၀မ်းနည်းကြေကွဲကြပြီး ၂၀.၂.၂၀၁၂
နေ့ကသန်လျှင်မှ ကျောင်းမြေကွက်အတွက်လှုရန် တကာပေါ်ထွက်လာခဲ့သည်။ ပြောင်းရွှေပြီး တရက်
အကြာမှာ အလှူရှင်ဖေါ်ပေါက်ခဲ့သည်မှာ အမှန်တရားကိုမြတ်နှိုးသော ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်
သော ပြည်သူများက မြန်မာပြည်အနှံမှ ဖုံးများဆက်၍ ကျောင်းလှူရန်ဆက်သွယ်လာကြသည်ဟု သိရှိ
ရသည်။ မတရားလုပ်သူတို့ ကို ပြည်သူများမှ ရွံ့ ရှာမုန်းတီးကြပြီး မေတ္တာတရားရှေ့ ထားသော ဓမ္မအရှင်
ရွှေည၀ါဆရာတော်အား သံလျှင်သို့ ပင့်ဆောင်၍ သီတင်းသုံးနေထိုင်ရန် လာရောက်လျှောက်ထား
သည့် စေတနာဖြူစင်ကြသော သူတော်ကောင်းတို့ ၏ ပုံရိပ်များကိုဖေါ်ပြထားပါသည်။





