၂၀-၂-၂၀၁၂ ဓါတ်ပုံ ဥက္ကာကိုကို
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဗကသ လူငယ်များပါဝင်သော အဖွဲ့သည်
ယနေ့နေ့လည် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ဇလွန်မြို့မှ လိုက်ပါပို့ဆောင်သောယာဉ်တန်းဖြင့် ဟင်္သတမြို့
သို့ aရာက်ရှိပြီး ဦးအောင်မြတ်ကျော်ခန်းမတွင် ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲအား ကျင်းပခဲ့ရာ မြို့ခံလူထု သုံးထောင်နီးပါး တက်ရောက်ခဲ့ကြသည်။ ကျောင်းသား ခေါင်းဆောင်
မင်းကိုနိုင်၊ ကိုကိုကြီးတို့က တက်ရောက်လာကြသောလူထုအား နှုတ်ခွန်းဆက် မိန့်ခွန်းများ
ပြောကြားခဲ့ကြသည်။ ဇလွန်မှ ဟင်္သတသို့သွားရောက်ရာ လမ်းခရီးတွင် ခွပ်ဒေါင်း အလံငယ်များ၊ ကဒေါင်းအလံငယ်များဖြင့် ဝှေ့ယမ်းကြိုဆိုကြပြီး ပန်းစည်းများလည်းပေးအပ် ကြသည်။ ဟင်္သတမြို့
အတွင်း အလံကိုယ်စီကိုင်ဆောင်ထားသော ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။




