Wednesday, February 22, 2012

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိုင်ငံခြားခရီးအဖြစ်
နော်ဝေနိုင်ငံသို့ သွားရောက်မည်

 ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၂
 ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် နော်ဝေနိုင်ငံသို့ သွားရောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောသည်။
 ''ကျွန်မပထမဆုံး လည်ပတ်ချင်တဲ့ နိုင်ငံက နော်ဝေဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့အားလုံးရဲ့ အခက်ခဲဆုံးအချိန်မှာ ကျွန်မတို့ကိုမမေ့ခဲ့လိုပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က
 ပြောသည်။ယနေ့နံနက်ပိုင်းက သူမနေအိမ်တွင် အာဆီယံအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံအပြီး
 နိုင်ငံခြားသတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားသွားခြင်းဖြစ်သည်။
7 Day News Journal.