Tuesday, February 21, 2012

တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ

 21-2-2012
တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ထိုင်းနိုင်ငံပိုင်   PTTEP ကုမ္ပဏီက အကောင်အထည်ဖော်နေသော ဇောတိကသဘာဝဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်း ရေးစီမံကိန်း လုပ်သားများ ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ထံ အိတ်ဖွင့်စာပေးပို့လိုက်သည်။

လုပ်သားများမှ တောင်းဆိုထားသော အချက်များမှာ အခြားကုမ္ပဏီများကဲ့သို့ အများတန်းတူ လစာရရှိရန်၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေရှိရေး၊ ကြိုပို့ကားအစီအစဉ်၊ နောက်တစ်နေ့အတွက်လိုအပ်သော လုပ်သားဦးရေအား ကြိုတင်အသိပေးရန်၊ ကြမ်းတမ်းစော်ကားသော အပြုအမူများဖြင့် လုပ်သားများအား မဆက်ဆံရန် တို့ဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။ အလုပ်သမားခံစားခွင့်နှင့် အခြားအထွေထွေခံစားခွင့်များရရှိရန် တို့ဖြစ်ပါသည်။
PTT Exploration and Production Public Company Limited
Energy Complex Building A
6th Floor & 19th - 36th Floor
555/1 Vibhavadi Rangsit Road
Chatuchak, Chatuchak
Bangkok 10900 Thailand

Phone: 66 (0) 2537-4000
Fax: 66 (0) 2537-4444