Tuesday, February 21, 2012

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင်တောင်တွင်း
ကြီးမြို့ရွှေအိုး(၁) ရပ်ကွက်ဗိုလ်ချုပ်လမ်းရှိ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျောက်ခဲ(ခ) ဦးသောင်းစိန်၏
 နေအိမ်တွင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယက ဦးဝင်းတင်၊ ဒေါ်ဖြူဖြူသင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၄) မဲဆန္ဒနယ်မှဝင်ပြိုင်
မည့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့်၊ စာရေးဆရာ ကဗျာဆရာ ငြိမ်းသက်၊ 
ကဗျာဆရာ တင်ဝင်းတို့သည် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့က တောင်တွင်းကြီးမြို့သို့ ရောက်ရှိလာ
သည်။ 
 တောင်တွင်းကြီးမြို့အဝင်၌ပင် ကြိုဆိုသူများ ထောင်နှင့်ချှီ၍ ရှိသည်။ လမ်းတလျောက်တွင် အိုးစည်ဒိုးပတ်များ၊ မြန်မာ့ရိုးရာအကများဖြင့်ကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ နာယကကြီးဦးဝင်းတင် ကျန်းမာပါစေ၊ တိုင်းပြည်အကျိုးဆထက်တမ်းပိုး ထမ်းဆောင်နိုင်ပါစေဟုအော်ဟစ်ကာ လမ်းဘေးမှကြိုဆိုကြသည်။ ထို့နောက် အဖွဲ့ချုပ်ရုံးတွင် နာယကကြီး ဦးဝင်းတင်က မိန့်ခွန်းပြောသည်။ ထို့နောက် ဒေါ်ဖြူဖြူသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့် တို့ကလည်း မဲဆွယ်စည်းရုံး ရးတရားများ ဟောပြောကြသည်။ ယင်းဖွင့်ပွဲသို့ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်၊ မကွေးမြို့များမှ ပါတီဝင်အဟောင်းအသစ်များ၊ တောင်တွင်းကြီးမြို့နယ်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူလူထုများ၊ တိုင်းရင်းသားလူမျိုးများ စုစုပေါင်းအင်အား ၂၀၀၀ ကျော်တက်ရောက်ခဲ့ပြီး၊ အခမ်းအနားကို
 အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။